ကတိမတည်သည့် စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း တအာင်းတပ် သတိပေး

Описание к видео ကတိမတည်သည့် စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း တအာင်းတပ် သတိပေး

ကတိမတည်သည့် စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း တအာင်းတပ် သတိပေး
……………….
ယခုနှစ်ဆန်းပိုင်းက တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သော ‘ဟိုင်ဂင်’ သဘောတူညီချက်ကို စစ်ကောင်စီတပ်က ချိုးဖောက်နေ၍ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က သတိပေးလိုက်သည်။

၁၂မိနစ်ကျော် ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုကို TNLA က ယနေ့ထုတ်ပြန်ရာတွင် အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ် တားဘုန်းကျော် က “ကိုယ်ထိုးထားတဲ့လက်မှတ်၊ ကိုယ်ပေးထားတဲ့ကတိတွေကို မလိုက်နာနိုင်ဘူးဆိုတဲ့ဟာက တော်တော်မကောင်းတဲ့ကိစ္စဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

တအာင်းတပ် TNLA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ယခုနှစ်ဆန်းပိုင်းအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဟင်ဟိုတယ်တွင် စစ်ကောင်စီနှင့်ဆွေးနွေးညှိနှိုင်းခဲ့ရာမှ အပစ်အခတ်ရပ်စဲရေး ‘ဟိုင်ဟင်သဘောတူညီချက်’ ဖြစ်ပေါ်လာသည်။

‘ဟိုင်ဂင်သဘောတူညီချက်’ အရ ရှမ်းပြည်နယ်အတွင်း ညီနောင်သုံးဖွဲ့၏ ထိုးစစ်များရပ်တန့်ရန်၊ စစ်ကောင်စီတပ်ကလည်း လက်လွှတ်ထားရသည့် နယ်မြေများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန်တို့ ပါဝင်သည်။

သို့သော် အာဏာရှင်၏ စရိုက်လက္ခဏာအတိုင်း အထက်ပါ သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ကာ TNLA ၏ ထိန်းချုပ်နယ်မြေအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ လုပ်လာခြင်းကြောင့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

အထူးသဖြင့် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တို့တွင် စိုးရိမ်ဖွယ်ရာ စစ်ရေးအခြေအနေ ရှိနေသည်ဟုလည်း TNLA ဘက်က ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ရက်က စတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း TNLA သည် မြို့ပေါင်း ၇မြို့ကို သိမ်းပိုက်ထားနိုင်ပြီး၊ ယခုအခါ အုပ်ချုပ်ရေးယန္တယားများ စတင်လည်ပတ်နေသည်။

TNLA သိမ်းပိုက်ထားသည့် မြို့ ၇မြို့မှာ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူ၊ မိုင်းငေါ့နှင့် ကွတ်ခိုင်မြို့ တို့ ဖြစ်သည်။

Комментарии

Информация по комментариям в разработке