Oak Aw Podcast : တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ

Описание к видео Oak Aw Podcast : တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ

မင်္ဂလာပါ..🕊️
အပတ်စဉ် စနေနေ့တိုင်း တင်ဆက်နေကြဖြစ်တဲ့ “Oak Aw Podcast” ကနေ တနင်္ဂနွေနေ့မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်ဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ :
📌 “တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။
ဘဝမှာ အထိုင်ကျစပြုနေတဲ့ ဘဝအခြေနေတွေမှာ ရှေ့ဆက်ဖို့ ရည်မှန်းချက်အမျိုးမျိုး၊ အကောင်ထည်ဖော်သူက ဖော်နေတုန်း၊ ချက်ချင်းဆိုသလို ဘဝတွေက ပြောင်းပြန်လှန်ခံလိုက်ကြရတာ။ တော်.လှန်မြစ်ကြီးထဲ ကူးခတ်နေရင်း ဘဝပန်းတိုင်တွေ၊ အတွေးခေါ်အယူဆတွေ၊ ရည်မှန်းချက်တွေက ယခင်အတိုင်းရှိကြလေဦးမလား၊ ပြောင်းများ ပြောင်းသွားကြလေပြီလား??
ဒီနေ့ ဥဩမှာ ပါဝင်ဆွေးနွေးကြမယ့် သူများကတော့ -
• ဒေါက်တာဖြိုးသီဟ
• ကိုနိုင်ထူးအောင်
• ကိုလင်းနစ်
• ကိုဇင်ဇေ
တို့ပဲဖြစ်ပါတယ်။ အမျိုးသားတွေချည်းပဲဆုံကြတယ်လို့ မထင်စေချင်ပါဘူး။ ဘော်ဒါတွေ လက်ဘက်ရည်ဆိုင် အတူထိုင်ရင်း ငြင်းခုန်ကြတဲ့ ပုံစံကို ဖော်ဆောင်ဖို့ ဥဩကို အသက်သွင်းခဲ့တာမို့ Host နဲ့ Speakers တွေ ခံစားချက်လာရာ အကြောင်းရာပေါ်မူတည်ပြီး အပတ်စဉ် လွတ်လွတ်လပ်လပ် ဆုံကြ၊ ပွါးကြ၊ ငြင်းကြ၊ ဆွေးနွေးကြတဲ့ပုံစံပါ။
သေချာတာတော့ ဥဩမှာ ပါတေင်သူတိုင်းရော၊ နားထောင်သူတိုင်းရော အတူတူထိုင်ပြီး ပြောနေကြရတယ်လို့ ခံစားမိကြစေတာပါပဲ။ အပတ်စဉ် “Stress Relief” အဖြစ် အကြောင်းရာစုံကို ဥဩမှာ နားဆင်ကြရမှာပဲဖြစ်ပါတယ်။
ဥဩကို အပတ်စဉ် စနေနေ့တိုင်းမှာ #WeSupportMM ယူကျုချန်နယ်၊ မမများနဲ့ ပွဲကမယ် Facebook Page၊ မမပရောဂျက်၏ နိုင်ငံတကာမှ ကိုယ်စားလှယ်ကြီးများ၏ ပေ့ချ်များ၊ ပြည်သူ့မီဒီယာ Facebook Pages မှတဆင့် နားဆင်အားပေးနိုင်ကြပါပြီ။
#OakAwPodcast 🕊️
#တော်လှန်ရေးကြီးပြီးသွားတဲ့အခါ
#WeSupportMM
#မမများနဲ့ပွဲကမယ် 💃🏻💃🏻

Комментарии

Информация по комментариям в разработке