အမိုးပွင့် အကျဉ်းထောင်ထဲက ပြည်သူတွေဘဝ

Описание к видео အမိုးပွင့် အကျဉ်းထောင်ထဲက ပြည်သူတွေဘဝ

အမိုးပွင့် အကျဉ်းထောင်ထဲက ပြည်သူတွေဘဝ (ရုပ်/သံ)

မိုင်းစောလွင်၊ ဇူလိုင် ၂၊ ၂၀၂၄

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်က စျေးသက်သာတဲ့ တန်းလျားလေးတွေဟာ မြန်မာနိုင်ငံသားတွေအတွက်ကတော့ ခိုလှုံစရာ ကျောတခင်းစာဖြစ်ပါတယ်။ ၁၀ ပေ ၇ ပေလောက်သာ ကျယ်တဲ့ အဲဒီအခန်းကျဉ်းလေးတွေဟာ တလကို ဘတ် ၁ ထောင် ဝန်းကျင်သာပေးရတာဖြစ်ပေမယ့် အလုပ်အကိုင်နဲ့ ငွေကြေး အကြပ်အတည်း ကြောင့် တချို့ က တခန်းကို ၄-၅ ယောက်လောက် စုငှားနေကြရတာဖြစ်ပါတယ်။

ဒီလိုတိုက်ခန်းလေးတွေထဲမှာ နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ရောက်လာခဲ့ရသူတွေ၊ စစ်မှုထမ်းဥပဒေကြောင့် တိန်းရှောင်လာခဲ့ရသူတွေ၊ အသက်အန္တရာယ် လုံခြုံရေး အခြေအနေတွေကြောင့် စာသင်ခန်းနဲ့ မိဘရင်ခွင်ကို ကျောခိုင်းလာခဲ့ရသူတွေ အမျိုးမျိုးရှိနေကြပါတယ်။

မိဘတွေဟာ ဆယ်ကျော်သက် သမီးငယ်လေးတွေကို သူတို့ရဲ့ အရိပ်အောက်မှာ ကြည့်ရှုစောင့်ရှောက်ထားလိုကြပေမယ့် ပဋိပက္ခတွေရဲ့ ကြားမှာ နစ်မွန်းသွားမှာ စိုးရိမ်ကြတဲ့အတွက် ဘေးလွတ်ရာလို့ ယူဆတဲ့ ထိုင်းနိုင်ငံကို ပို့လွှတ်လိုက်တာ ဖြစ်ပါတယ်။

တိုင်းတပါးကို ရောက်သွားကြတဲ့ သားသမီးတွေဟာ စစ်ပဋိပက္ခနဲ့ စစ်မှုထမ်းဘဝက လွတ်မြောက်သွားကြပေမယ့် အလုပ်အကိုင် ရရှိရေးနဲ့ တရားဝင်နေထိုင်ခွင့် အခက်အခဲတွေရင်ဆိုင်နေကြရတာပါ။ မြန်မာနိုင်ငံထဲမှာ ကျန်ရစ်ခဲ့တဲ့ မိဘတွေမှာလည်း ဇာတိမြေက နိုင်ငံရေး၊ စီးပွားရေး မငြိမ်သက်မှုတွေကြားမှာ ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။

အားလုံးဟာ အကျဉ်းထောင်ထဲက အကျဉ်းသားတွေ မဟုတ်ပေမယ့် လွတ်လပ်မှုမရှိဘဲ အမိုးပွင့် အကျဉ်းထောင်ထဲ ကျရောက်နေတဲ့ အကျဉ်းသားတွေလို ဖြတ်သန်းနေကြရပါတယ်။

Комментарии

Информация по комментариям в разработке