Itö (အီတိုး) - Universal Language (Lyrics Video)

Описание к видео Itö (အီတိုး) - Universal Language (Lyrics Video)

• အေးဆေးပေါ့… ဖြေးဖြေးပေါ့…
အရာတိုင်းဟာနှေးကွေးတော့… ငြိမ့်ငြိမ့်ဆော့
ဘ၀ဟာကစားကွင်းပေါ့ အဆိုးတွေဖျောက်လိုက်တော့
အတွေးများဟာ သာမန်မတွေးတတ်တော့
ညစ်ညမ်းတဲ့ အာရုံများဆေးကြော
သာမန်နေလိုက်တော့ ငါဂရုမစိုက်တတ်တော့
ဦးနှောက်ထဲ အရာရာရှင်းလင်းသွားတယ်
ကြည်လင်သွားခဲ့တယ် မေတ္တာပွားတတ်ပြီ…

• ဘ၀ပျိုးပင် အိပ်မက်များနဲ့ရှင်သန်
အနာဂတ်တွေ အရောင်တောက်စေအောင်
မာနတွေ ခ၀ါချပါစေ ရန်အတွေးတွေ ပြယ်လို့ချစ်ကြပါစေ
စိတ်နှလုံးတွေ ရွှင်လန်းပါစေ ဆုတောင်းနေ ကံကောင်းပါစေလို့
မေတ္တာတွေပေးတယ်…

 လူသားတိုင်းရဲ့ ရင်ထဲ ဟိုးအတွင်းမှာကျန်ရှိသေးတဲ့
ကလေးတစ်ယောက်ဟာ ရုန်းထွက်ဖို့ စောင့်နေတယ်
အားကိုးမဲ့စွာ မွန်းကျပ်တဲ့ အတ္တများကို ကုတ်တက်ဆဲ
မအေးချမ်းသော ဒီ လက်နက်တွေ ချထားခဲ့
အားလုံးလာအတူ ကလို့ (မြူးပျော်ကြမယ်/သီချင်းဆိုကြမယ်) အေးချမ်းစွာနဲ့
ဒီဘာသာစကားကို အားလုံး အားလုံး နားလည်နိုင်တယ်…

• ကလေးဘ၀က အလွန်ပျော်မြူးခဲ့စဉ်အခါ
အမေသင်ကြားခဲ့တဲ့ ကြည်လင်သော မေတ္တာများ
တကယ်ကိုနိုင်းဆ မရနိုင် တန်ဖိုးများဟာ
အရာရာကိုစဉ်းစားတွေးခေါ်ရာမှာ မေတ္တာထား
အမေ့ကိုကျေးဇူးများ ဘယ်တော့မှမကုန်နိုင်
လူသားတွေ နှလုံးသားတိုင်းကိုလေ နွေးထွေးမှူပေး
ကျွန်တော်တို့ အားလုံး… အမေတစ်ဦးရဲ့ရင်သွေး

Music & Lyrics by “Ito”
Mixing by “Ito”
Mastering by “Kyaw Gyi”
Illustration by “Zune Ei Htet”
Lyrics Video by "Moe Myat May Zarchi"

Комментарии

Информация по комментариям в разработке