ကရင့်တော်လှန်ရေး နှစ် ၇၀ အလွန် ငြိမ်းချမ်းရေး အလားအလာ

Описание к видео ကရင့်တော်လှန်ရေး နှစ် ၇၀ အလွန် ငြိမ်းချမ်းရေး အလားအလာ

ွမြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားအဖွဲ့ကြီး တစ်ခု ဖြစ်သလို လက်ရှိမှာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားတဲ့ ကရင့်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တော်လှန်ရေးက နှစ် ၇၀ ပြည့်ခဲ့ပါပြီ။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနား စ်ပတ်လည် အခမ်းအနားကို KNU ရဲ့ ဗဟိုဌာနချုပ်နယ်မြေ ကလိုယောလေးမှာ ကျင်းပခဲ့ရာမှာ KNU ဥက္ကဋ္ဌ (ဗိုလ်ချုပ်ကြီး) မူတူးဆေးဖောက NCA စာချုပ်ပါ သဘောတူညီချက်တွေနဲ့ အညီ တွေ့ဆုံ ဆွေးနွေးရေးက တဆင့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီး လွတ်လပ်မှု၊ တန်းတူ ရည်တူမှု ရှိအောင် အကောင်အထည် ဖော်ဆောင်ရွက် သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ကရင့် လက်နက်ကိုင် တော်လှန်ရေးနဲ့ ငြိမ်းချမ်းရေး အလားအလာကို ကရင် ဌာနချုပ် နယ်မြေကို ရောက်ရှိနေတဲ့ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။

ရိုက်ကူး - စံကျော်ထွန်း ၊ တင်ဆက် - ငြိမ်းချမ်းအေး

#ဘီဘီစီမြန်မာပိုင်း #KNU #ငြိမ်းချမ်းရေး #ကရင် #မြန်မာ #ဒီမိုကရေစီ #ဖက်ဒရယ်

Комментарии

Информация по комментариям в разработке