ရှမ်းစော်ဘွားတို့ထီးနန်းစိုက်ရာ သီပေါမြို့

Описание к видео ရှမ်းစော်ဘွားတို့ထီးနန်းစိုက်ရာ သီပေါမြို့

ရှမ်းစော်ဘွားတို့ထီးနန်းစိုက်ရာ သီပေါမြို့
====================================================
မန္တလေးမြို့နဲ့ မိုင် ၁၂၀ ကွာဝေးတဲ့နေရာမှာတည်ရှိနေတဲ့ သီပေါမြို့ဟာဆိုရင် ရှမ်းစော်ဘွားတို့ နန်းစိုက်ရာဒေသတစ်ခုဖြစ်ခဲ့တာကြောင့် ခိုင်မာတဲ့သမိုင်းကြောင်းအစဉ်အလာတွေရှိတဲ့အပြင် စိမ်းလန်းတဲ့တောတောင်ရေမြေသဘာဝအလှတွေနဲ့လည်း တင့်တယ်လှပနေတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ရှေးခေတ်မင်းတွေလက်ထက်ကာလတုန်းကတော့ သီပေါနယ်ဆိုတာက အုန်းပေါင်ပြည်လို့သာထင်ရှားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ အုန်းပေါင်ဆိုတဲ့ နာမည်ပျောက်ကာ "သီပေါ" လို့ အမည်သာတွင်ကျန်ရစ်ခဲ့တာပါ။
စော်ဘွားတွေ ထီးနန်းစိုက်ရာမြို့ဖြစ်ခဲ့တဲ့အလျောက် ထီးဆန်နန်းဆန်နေတဲ့ သီပေါမြို့လေးဟာ ဒီဘက်ခေတ်မှာတော့ ရှမ်းစော်ဘွား စပ်ကြာဆိုင် နဲ့ သြစတြီးယားသူ မဟာဒေဝီတို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားတဲ့ Twilight Over Burma စာအုပ်ကြောင့်သာမက ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကြောင့်လည်း နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေအကြားမှာပါ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ဒီလိုမျိုးသမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေနဲ့ ပြည့်နှက်နေတဲ့ သီပေါမြို့လေးမှာ နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေများ ရှိလို့နေဦးမလဲဆိုတာကိုတော့ ဆီကို ဇာတ်လမ်း Z-Lann နဲ့အတူတဒင်္ဂလိုက်ပါစီးမျောလေ့လာကြည့်နိုင်ပါတယ်။

ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨

Facebook ❤:   / zlannpodcast  
Podcast ❤ https://podcasters.spotify.com/pod/sh...
Facebook Group ❤   / zlann  
#ZLann #ZLann_Podcast #သီပေါ

Комментарии

Информация по комментариям в разработке