MY Travelogue (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ခရီးသွားခြင်း...အပိုင်း-၈)

Описание к видео MY Travelogue (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ခရီးသွားခြင်း...အပိုင်း-၈)

ကော်ဖီခြံ
#Genius ကော်ဖီလုပ်ငန်း
ရွှေဂူကြီးဘုရား
#ထောပတ်သီးခြံနှင့် လိမ္မော်ခြံလုပ်ငန်း
#အလယ်ချောင်ရေတံခွန်

ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...MRTV Travelogue ပရိတ်သတ်တွေကို အခုတခါမှာက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို Travelogue အစီအစဉ်ကနေ အလည်တစ်ခေါက်ခေါ်သွားချင်ပါတယ်...အပိုင်း(၈)ကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သွားရောက်လည်ပတ်တဲ့ နောက်ဆုံးအပိုင်းပါ...ဒီအပိုင်းမှာဆိုရင် ရိုးသားလှတဲ့ဓနုတိုင်းရင်းသားလူမျိုးတွေရဲ့ ကော်ဖီခြံစိုက်ပျိုးရေးလုပ်ငန်းအကြောင်း၊ ပြီးတော့ ကော်ဖီစေ့ကနေ အဆင်သင့်စားသုံးလို့ရတဲ့ ကော်ဖီမှုန့် ဖြစ်အောင်ပြုလုပ်တဲ့လုပ်ငန်းအကြောင်း၊ ရွာငံမြို့ရဲ့ အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ ရွှေဂူကြီးဘုရားကိုလည်းသွားရောက်ဖူးမြော်မယ်...အဲ့ဒီဘုရားက အမြင့်ပေ ၅၀၀ကျော်မြင့်တဲ့တောင်ပေါ်မှာတည်ထားတာဖြစ်ပြီး ဘုရားမှာဆိုရင်လည်း နှစ်ပေါင်းတစ်ရာကျော်ပြီဖြစ်တဲ့ ရှေးဟောင်းရုပ်ပွားတော်မြတ်တွေလည်း တည်ရှိနေတာဆိုတော့ ခရီးသွားဧည့်သည်တွေအနေနဲ့ ရွာငံမြို့ကိုရောက်ရင် သွားရောက်ဖူးမြော်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ဟာဆိုရင် ရာသီဥတုကောင်းမွန်ပြီး အသီးအနှံစိုက်ပျိုးဖြစ်ထွန်းတဲ့ဒေသဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းကို အတော်များများလုပ်ကိုင်ကြပြီး ထောပတ်သီးနဲ့ လိမ္မော်သီးစိုက်ပျိုးရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေအကြောင်းလည်း MRTVTravelogue နဲ့ အတူတူလေ့လာကြည့်ကြရအောင်ပါ။ နောက်ဆုံးတစ်နေရာအနေနဲ့ ရွာငံမြို့ရဲ့ အထင်ကရနေရာတစ်နေရာဖြစ်တဲ့ အလယ်ချောင်ရေတံခွန်ကို ဆက်လက်သွားကြပါအုန်းမယ်။ အဲ့ဒီကို မသွားခင် အလယ်ချောင်ကျေးရွာက ဧည့်ခံကျွေးမွေးတဲ့ အိမ်ထမင်းအိမ်ဟင်းနေ့လယ်စာကို အားရပါးရစားပြီး သဘာဝရဲ့အလှပတရားတို့ရှိရာ အလယ်ချောင်ရေတံခွန်ဆီ အရောက်သွားမှာဖြစ်လို့ ဒီအစီအစဉ်ကိုလည်း အားပေးကြပါဦးနော်။

Комментарии

Информация по комментариям в разработке