အခြေခံနှစ်ကွက်တန်းနဲ့ကစားရတဲ့ ကစားကွက်ကိုပဲအဖိုးပြခဲ့တဲ့အတိုင်းပြန်လည်ဝေငှလိုက်ပါတယ်၊

Описание к видео အခြေခံနှစ်ကွက်တန်းနဲ့ကစားရတဲ့ ကစားကွက်ကိုပဲအဖိုးပြခဲ့တဲ့အတိုင်းပြန်လည်ဝေငှလိုက်ပါတယ်၊

ယခုပြတဲ့ရှင်းလင်းချက်ကတော့အခြေခံအရိုးရှင်းဆုံးဖြစ်ပါတယ်၊ပယ်ခုတ်မခွဲကစားကွက်ဟာ၊မထင်မှတ်လောက်တဲ့အဓိပ္ပယ်သက်ရောက်မှုတွေနဲ့ပြည့်နှက်နေပါတယ်၊ကျွန်တော်အဖိုးရှင်းသလောက်မပီပြင်ပေမဲ့တတ်နိုင်သလောက်ရှင်းပြပေးထားပါတယ်၊သရုပ်ပြဖြစ်တဲ့ကျွန်တော့်တပည့်ကလည်းကျွန်တော့်ကိုရှိန်ပြီး ရှေ့မတိုးရဲတော့ရှင်းလင်းချက်အနည်းငယ်လျော့ပါတယ်၊အချိန်ဆင်းရဲတဲ့အတွက်ကြောင့်ပြန်ပြီးပြုပြင်ရိုက်ကူးနိုင်ခြင်းမရှိပါဘူး၊သည်းခံပေးကြစေလိုပါတယ်၊နှစ်ကွက်တန်းပြရတာဖြစ်လို့အဓိကခုခံချက်တွေပဲပြထားပါတယ်တိုက်ခိုက်ချက်တွေထည့်မပြထားသေးပါဘူးခင်ဗျာ၊နှစ်ကွက်တန်းမှာပဲများပြားလှတဲ့အဓိပ္ပယ်ရှင်းလင်းချက်တွေဆက်ပြီးတင်ပြပေးသွားပါဦးမယ်၊မသိသေးသူတွေပညာရယူဖို့ပါ၊သိပြီးသူတွေကတော့* နာဘူးထပ်မံ*ဆိုသလိုပေါ့ဗျာနှစ်ထပ်ကြည့်တော့ပိုပြီးမှတ်မိတာပေါ့၊ညီအကိုအပေါင်းတို့ပညာရဲရင့်ပွဲလည်တင့်လို့ သိုင်းပြောင်းပြန်အရာမှာလူချွန်လူမွန်များဖြစ်ကြပါစေ။
ဝင်းမြင့်(သိုင်းပြောင်းပြန်)

Комментарии

Информация по комментариям в разработке