အဓိဌာန်အောင် ပီလခတ်ဘုရားကျောင်းသွားမယ်

Описание к видео အဓိဌာန်အောင် ပီလခတ်ဘုရားကျောင်းသွားမယ်

အဓိဌာန်အောင် ပီလခတ်ဘုရားကျောင်းသွားမယ် #youtube #KLTraveller #myanmar #video #youtuber #travel #travelvlog #yangon #thanlyin #kyauktan #travel vlog myanmar #yangon travel





အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏🏻🙏🏻🙏🏻

ကျွန်တော့ရဲ့ KLTraveller Channel မှ ကြိုဆိုပါတယ်။ ကျွန်တော် ဒီနေ့ ပီလခတ်ဘုရားကျောင်းကို အဓိဌာန်အောင်လို့ ပွဲသွားပေးမှာဖြစ်ပါတယ်။ ပီလခတ်ဘုရား​ကျောင်းကို သွားတဲ့လမ်းအများကြီးရှိပါတယ်။ သနပ္ပင်၊သက္ကလ၊ခရမ်း၊သုံးခွ မှ သွားလို့ရသလို့ ရန်ကုန်မှဆိုလျှင်လဲ အမျိုးမျိုးသောလမ်းများမှသွားလို့ရပါသေးတယ်။ ကျွန်တော်က တောင်ဥက္ကလာကသွားမှာဆိုတော့ ဒဂုံဆိပ်ကမ်း ကုလားဝဲဘက်မှ သွားလို့ရသလို ကမာကြည်တံတားမှတဆင့် သာကေတဘက်မှလဲ သွားလို့ရပါတယ်။ ယနေ့ကျွန်တော်က သာကေတဘက်မှသွားမှာဖြစ်ပါတယ်။ သွားရခြင်းအကြောင်းက သံလျင်တံတားအသစ်ကြီးအား မဖြတ်ဘူးသေးလို့ဖြစ်ပါတယ်😁။ပီလခတ်ဘုရားကျောင်းသွားတဲ့ လမ်းတစ်လျောက် အခြေနေလေးများကို အနည်းငယ်ပြောပြပေးသွားပါမည်ခင်ဗျာ။ ဘုရားကျောင်းသို့ လိုင်းကားနဲ့ လာမည့် မိဘပြည်သူများအနေ့ YBS 33,70,95 ကားများကို ကျောက်တန်းတွင်မြင်မိပါတယ်။ ၎င်းကားများစီးပြီး ပဲလှော်ဖိုမှတ်တိုင်တွင်ဆင်းပါ ထို့နောက် ၎င်းမှတ်တိုင်မှ ဘေးတွဲဆိုင်ကယ်များဌါးစီးပြီးသွားရင်ရောက်ပါပြီခင်ဗျာ။ ကိုယ်ပိုင်ကားများဖြင့် လာမည်ဆိုပါက Google map ထောက်ပြီးလာလို့ရသလို ကျောက်မြို့အထိကားမောင်းလာပြီး အေးစေတီလမ်းမှဝင်ပြီးသွားလျှင် ဘုရားကျောင်းသို့ရောက်ပါပြီခင်ဗျာ🤗။ ပီလခတ်ကိုသွားတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အနေဖြင့် အလုပ်အကိုင်၊ စီးပွါးရေး၊လူမှုရေး၊ကျန်းမာရေ အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းအရာများဖြင့် လာရောက် တိုင်တည်ကြတာဖြစ်ပါတယ်။ ဆုတောင်း၊ အဓိဌာန်ပြည့်ပါက ပေးထားတဲ့ကတိအတိုင်း လာရောက်ဆောင်ရွက်ကြရပါတယ်။ ဘုရားကျောင်းတွင်လဲ လူမျိုးဘာသာမရွေး ပဲဟင်းနှင့်ထမင်းကိုလဲ နေ့စဉ်နေတိုင်း ကျွေးမွေးလျက်ရှိပါတယ်။ ယနေ့ကျွန်တော်တို့ကတော့ ဆုတောင်းပြည့်၊ အဓိဌာန်အောင်သဖြင့် ပွဲပေးခြင်းနှင့် အထွေထွေသုံးစာရိတ်ငွေ လှူတမ်းခဲ့ပါတယ်။ ထိုမှတဆင့် ရေလယ်ကျောက်တန်း ဘုရားအား လှေမစီးရဲသောကြောင့် အဝေးမှဖူးမျှော်ခဲ့ပါတယ်🙏🏻🙏🏻🙏🏻။

မိဘပြည်သူများအနေဖြင့် ကျွန်တော့ရဲ့ Video လေးကို ကြိုက်နှစ်သက်တယ်ဆို Like 👍 လေးတစ်ချက်နှိပ်ပေးခဲ့ပါဦး၊ Subscribe မလုပ်ရသေးလို့ရှိရင် Subscribe လေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ☺️။

ကြည့်ရှုသူ မိဘပြည်သူ တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻။

#KLTraveller

Комментарии

Информация по комментариям в разработке