၁။သမထဝိပဿနာပညာရှင် ဘဒ္ဒန္တဇနကာဘိဝံသ

Описание к видео ၁။သမထဝိပဿနာပညာရှင် ဘဒ္ဒန္တဇနကာဘိဝံသ

အာနာပါန အခြေခံရှုပွါးနည်း
•••••••••••••••••••••••••
ဝင်လေထွက်လေကို ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှာ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ပထမကြိုးစားရပါတယ်။

အဲ့ဒီလို ကြိုးစားရင်း စိတ်ဓာတ်တွေ ပျံ့လွင့်ရင်တော့ ရေတွက်တဲ့ ဂဏနာနည်းကို အသုံးပြုပါဆိုပြီးတော့ သင်ပေးထားတယ်။ ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်၊ ဝင်လေထွက်လေ နှစ်ခုပေါင်းကို နှစ် စသည်ဖြင့် တစ်ကနေ ရှစ်အထိလောက် ရေတွက်ကြည့်ပါ။ အဲ့ဒီလို ရေတွက်တဲ့ အခါ တစ် မှ ရှစ်အထိ ငါ့စိတ်ဘယ်မှ မထွက်စေရ၊ နောက်ထပ်လည်း စိတ်ကိုဘယ်မှ မထွက်စေရဆိုပြီး စိတ်ကို ခပ်တင်းတင်းထားပြီး ရေတွက်ရပါမယ်။

အချို့က ရေတွက်လို့ရှိရင် စိတ်ကမငြိမ်းဘူး ပြောကြတယ်၊ ရေတွက်ရင် မငြိမ်ဘဲ ဝင်လေထွက်လေလို့ ဆိုက်ပြီးရှုင် ပိုပြီး ငြိမ်တယ်လို့ပြောရင် အဲ့ဒီအတိုင်းရှုပါ။ မရေတွက်ဘဲ ရှုနေပါ ဘာမှ မဖြစ်ဘူးနော်။ အဲ့ဒီလို ရေတွက်တဲ့ အပိုင်းမှာ ကဏ္ဍနှစ်ခုတော့ ရှိပါတယ်။ အချို့တွေက ရေတွက်နေရင်းနဲ့ စိတ်ကအထွက်များတဲ့ အတွက် ဝင်လေကို ဝင်လေ တစ်၊ ထွက်လေ တစ် သို့မဟုတ် ဝင်လေ - တစ် တစ် တစ်၊ ထွက်လေလည်း တစ် တစ် တစ်စသည်ဖြင့် ဒီလိုရေရင် ရေလို့ရပါသလားဆိုပြီး ဒီနေ့မေးခွန်းတစ်ခုမေးလာတယ်၊ ရပါတယ်။

ဒါကတော့ ကြိုးစားရပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပါရမီနဲ့ အခြားပုဂ္ဂိုလ်တစ်ဦး ပါရမီခြင်းက မတူလေတော့ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ရေတွက်တဲ့နည်းမှာ စပါးခြင်သမား ရေတွက်တဲ့မည်းကို အဋ္ဌကထာက ဖော်ပြထားပါတယ်။ စပါးခြင်တဲ့သူက တင်းတောင်းထဲကို စပါးစထည့်လိုက်ပြီး အချိန်က စပြီးတော့ တင်းတောင်းပြည့်ပြီး နောက်ထပ်တင်းတောင်းကို သွားသွန်လိုက်တယ်၊ စပြီးစပါးထည့်ပြီး သွန်တဲ့ အချိန်ထိ တစ် တစ် တစ် ဒီလိုပဲရေနေတယ်။ လောင်းထည့်ပြီး စပါးတောင်းထဲ မရှိတော့ရင် နောက်တစ်ခါပြန်ခြင်ပြန်တယ်။ စပြီးစပါးထည့်ပြီး သွန်လောင်းတဲ့ အချိန်ထိ နှစ် နှစ် နှစ် ဒီလိုရေတွက်ပါတယ်။

အဲ့ဒီပုံစံအတိုင်းပဲ ယောဂီပုဂ္ဂိုလ်က စိတ်တွေက အထွက်များနေပြီ ဆိုလို့ရှိရင်တော့ အဲ့ စပါးခြင်တဲ့ ရေတွက်တဲ့နည်း အသုံးပြုနိုင်ပါတယ်။

ဝင်လေထွက်လေ တစ် - တစ် - တစ်
ဝင်လေထွက်လေ နှစ် - နှစ် - နှစ် ……….မှ ဝင်လေထွက်လေ ရှစ် - ရှစ် - ရှစ် ထိ။
ပြီးရင် တစ် ကနေပြန်စ၊ ရှစ်အထိ ဒီလိုရေတွက်ရပါမယ်။ သို့မဟုတ် ဝင်လေ တစ် တစ် တစ် ၊ ထွက်လေ တစ် တစ် တစ် စသည်ဖြင့် ကြိုက်သလို ရေတွက် နိုင်ပါတယ်။ မရေတွက်ဘဲ ဝင်လေထွက်လေကို မှတ်နိုင်ရင်လည်း မှတ်လို့ရပါတယ်။

ဒီလိုနဲ့ ဝင်လေထွက်လေကို နာရီဝက် တစ်နာရီနီးပါးခန့်လောက် တည်လာပြီဆိုရင် ရေတွက်ခြင်းနည်းကို စွန့်လွတ်ပြီးတော့ ဝင်လေထွက်လေ အာရုံမှာ စိတ်ကလေး ဆိုက်ထားပြီးတော့ အသက်ရှုနှေးရင်လည်း နှေးတဲ့အတိုင်း တောက်လျှောက်သိဖို့၊ မြန်ရင်လည်း မြန်တိုင်းအတိုင်း အစအဆုံး အကုန်သိဖို့ ကြိုးစားပါ။ ဒါက ဒီဃရယ် ရသရယ် ၊ သဗ္ဗကာယ သုံးခုလုံးကို တစ်ပေါင်းတည်း ဉာဏ်ထဲမှာ ထင်အောင် အရှုခိုင်းတဲ့ နည်းစနစ်ဖြစ်ပါတယ်နော်။

ဒီတော့ အသက်ရှူမြန်တာကို တိုတယ်၊ အသက်ရှုနှေးတာကို ရှည်တယ်လို့ ခေါ်ပါတယ်။ နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ အစအဆုံး အကုန်လုံး ဝင်လေမှာပဲ ဖြစ်ဖြစ်၊ ထွက်လေမှာပဲ ဖြစ်ဖြစ် ထင်ထင်ရှားရှား သိအောင်ရှုရတယ်။ ရှုတဲ့ အချိန်ခါမှာ နှာသီးဖျားသို့ အထက်နှုတ်ခမ်း ထိမှုထင်ရှားတဲ့ နေရာကသာ စောင့်ပြီးကြည့်ပါ၊ အထဲကိုလည်း မလိုက်နဲ့ အပြင်ကိုလည်း မလိုက်ပါနဲ့။ ထိမှုထင်ရှားရာ အရပ်၌သာ စောင့်မှတ်နေပါ၊ ဘယ်လောက်ရှည်တယ် ဘယ်လောက်တိုတယ် လိုက်မဆန်းစစ်ပါနဲ့။ ဒါကအစ ဒါကအလယ် ဒါကအဆုံး အဲ့ဒီလိုလည်း လိုက်မမှတ်နဲ့၊ ဆိုက်သာကြည့်နေ သိနေရင် လုံလောက်ပါတယ်။ မမှတ်ဘဲ မနေနိုင်ရင်တော့ ဝင်လေထွက်လေ လို့ပဲ မှတ်ပါ၊ မမှတ်ဘဲ နေနိုင်ရင် မမှတ်ဘဲဆိုက်သာ ကြည့်နေပါ။ ဘာနဲ့ကြည့်မလဲ?။

တစ်ချို့က မျက်လုံးနဲ့ ကြည့်တယ်တဲ့၊ အဲ့ဒီအကျင့်ကို မလုပ်ပါနဲ့နော်။ မျက်လုံးနဲ့ကြည့်တဲ့သူတွေက သမာဓိကလည်း မဖြစ်ဘူး၊ ရက်ကလည်း ကြာလာပြီ ဆိုလို့ရှိရင် မျက်စိတွေ၊ မျက်ရိုးတွေ ကိုက်လာတတ်တယ်။ မျက်ခုံးတွေ ကိုက်လာတတ်တယ်။ အဲ့ဒါကြောင့် မျက်လုံးနဲ့ ကြည့်တဲ့ အလေ့အထကို မလုပ်ပဲ စိတ်နဲ့ စောင့်ကြည့်တဲ့ အလေ့အထကို လုပ်ပါ။ ဒီဝင်လေထွက်လေရဲ့ ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ နှေးသည် မြန်သည်ဖြစ်စေ အစဆုံး ထင်ထင်ရှားရှားသိလာရင် ထိုဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည်ဖြင့် တည်နေအောင် ကြိုးစားအားထုတ်ပါ။

ဒီလို တည်လာပြီဆိုရင် ဒီဝင်လေထွက်လေ အာရုံသည် သိမ်မွေ့စေရမယ်၊ နူးညံ့စေရမယ်ဆိုပြီး နှလုံးသွင်းလေးနဲ့ ဆိုက်သာမှတ်နေပါ။ အရှည်အတို အစလယ်ဆုံး သိမ်မွေ့အောင် စသည်တို့မှ သက်သက်တိုအောင်/ရှည်အောင်၊ ဒါက အစ လယ် ဆုံးဆိုပြီး လိုက်မမှတ်နဲ့၊ သိမ်မွေ့အောင်လည်း မကြိုးစားပါနဲ့။ ဘာလုပ်ရမှာလဲ?၊ သိမ်မွေ့စေရမယ်ဆိုပြီး ဦးတည်ချက်ဖြင့်သာ ထင်ထင်ရှားရှားသိအောင်သာ ရှုနေပါ။

အဲ့ဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ သိမ်မွေ့နေတဲ့ လေမှာ ဘာဝနာစိတ်က တောက်လျှောက် တည်သွားပြီးဆိုရင် အရှည်အတို အစလယ်ဆုံ သိမ်မွေ့တာရယ်က သူ့အလိုလို တစ်ပေါင်းတည်း ဖြစ်သွားပါတယ်။ အဲ့လိုဖြစ်အောင် ရှုပွါးရပါတယ်။ ဝင်လေထွက်လေမှာ ဘာမှ အကြားမရှိအောင် တောက်လျှောက်ဘာဝနာစိတ်ကို တည်အောင်ကြိုးစားရပါမယ်။

ဒီလိုကြိုးစားရင် အရှိန်အဝါအားကောင်းလာပြီဆိုရင် နိမိတ်စပြီး ပေါ်တတ်ပါတယ်။ နိမိတ်မှာလည်း ပုံစံအမျိုးမျိုးတွေ ပေါ်တတ်ပါတယ်, အများအားဖြင့် မီးခိုးရောင်လေး စပေါ်တတ်ပါတယ်။ အချို့က နိမိတ်က ဝေးနေတတ်တယ်၊ ဝေးနေရင် လိုက်မကြည့်နဲ့၊ အချို့က အလင်းရောင်တွေက ဟိုကထိုးလိုက် ဒီကထိုးလိုက်နဲ့ ဖြစ်တတ်ပါတယ် လိုက်မကြည့်ပါနဲ့။ ဝင်လေထွက်လေကို သာ မလွတ်တမ်းဆက်ပြီးတော့ ရှုနေပါ၊ ဝင်လေထွက်လေနဲ့ မီးခိုးရောင်ရယ် နှာသီးဖျားမှာ တသားတည်း ဖြစ်လာပြီးဆိုရင်တော့ ပုံကျလာပါပြီ။ မီးခိုးရောင်ကလည်း သက်သက်၊ ဝင်လေထွက်လေကလည်း သက်သက်၊ နှာသီးဖျားနဲ့လည်း လှမ်းနေသေးရင် ပုံမကျသေးဘူး။

ဒီလိုဆို ဘာလုပ်ရမလဲ၊ ဝင်လေထွက်လေမှာ ဘာဝစိတ်ကို ထိတဲ့နေရကသာ စောင့်မှတ်နေပါ။ အချို့က လေပျောက်ပျောက် သွားတတ်တယ်၊ ပျောက်နေရင် မူလရှုလို့ ထိတယ်လို့ ယူဆရတဲ့ နေရာလေးမှာ စိတ်ကို ငြိမ်ဝပ်စွာကပ်ပြီးထားပါ။ အချို့ယောဂီတွေကြ နှာခေါင်းပျောက်သွားတယ်၊ အချို့ယောဂီကြ ခေါင်းပါပျောက်သွားတယ်၊ အချို့က ကိုယ်လုံးပါပျောက်သွားတယ်။ ဘာမှမဖြစ်ဘူး လေသာသိနေရပါတယ်။ အဲ့လို ယောဂီတွေက လေနဲ့ အသိစိတ် နှစ်ခုတည်း

Комментарии

Информация по комментариям в разработке