အွန်လိုင်းဆယ်လီ နိုင်ငံရေးအကျဥ်းသားပြောတဲ့ လားရှိုး‌ထောင်ပေါက်မှု - BBC News မြန်မာ

Описание к видео အွန်လိုင်းဆယ်လီ နိုင်ငံရေးအကျဥ်းသားပြောတဲ့ လားရှိုး‌ထောင်ပေါက်မှု - BBC News မြန်မာ

ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကာလက လားရှိုးမြို့ အကျဥ်းထောင်ပေါက်ပြီး နိုင်ငံရေးအကျဥ်းသားရာချီ အပါအဝင် အကျဥ်းသားထောင်ချီ လွတ်မြောက်ခဲ့ပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေးပုဒ်မ အကြမ်းဖက်ဥပဒေပုဒ်မ-၅၀ (ည)နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လူမှုကွန်ရက်မှာလူသိများထင်ရှားသူ အွန်လိုင်းဆယ်လီ အလင်းသခင်လည်း ပါခဲ့ပါတယ်။

သူဟာ အာဏာမသိမ်းခင်က လူမှုကွန်ရက်ပေါ်မှာ ဟာသဗီဒီယိုတွေနဲ့ နာမည်ကြီးသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ အစောပိုင်းကာလတွေမှာလည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူ လားရှိုးအကျဥ်းထောင်ထဲမှာ ရှိနေခဲ့ချိန်က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်နဲ့ တွေ့ဆုံခဲ့သလို ထောင်ပေါက်ချိန်မှာလည်း အနီးကပ်ရှိခဲ့ပါတယ်။

အလင်းသခင် ပြောပြတဲ့ လားရှိုးထောင်ပေါက်မှု ဘယ်လိုဖြစ်ခဲ့လဲဆိုတာနဲ့ ပြင်းထန်တိုက်ပွဲကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထောင်ဝန်ထမ်းတွေ မရှိတော့ဘဲ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အကျဥ်းသားတွေပဲကျန်ခဲ့တဲ့ လားရှိုးထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာတဲ့အခြေအနေတွေကို ဘီဘီစီက အလင်းသခင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီရုပ်သံမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #လားရှိုး #လားရှိုးထောင် #နိုင်ငံရေးအကျဥ်းသား #ဦးထွန်းထွန်းဟိန် #အလင်းသခင် #လွတ်မြောက်မှု

Комментарии

Информация по комментариям в разработке