၁၀၂၇ စစ်ဆင်ရေးကို KNU ဘာပြောလဲ - BBC News မြန်မာ

Описание к видео ၁၀၂၇ စစ်ဆင်ရေးကို KNU ဘာပြောလဲ - BBC News မြန်မာ

“ကျွန်တော်တို့ K3C လို့ခေါ်တဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းပေါ့နော်၊ NUG အပါအဝင်၊ ကျွန်တော်တို့ကဒီတော်လှန်ရေးကို ပြတ်ပြတ်သားသားနဲ့တိုက်ပွဲဝင်မယ်ဆိုတာ စောစောကတည်းက ပြောထားတယ်။ ဒါပေမဲ့ တခြားအဖွဲ့တွေက ပေါ်ပေါ်ထင်ထင် ဗြောင်ကျကျ ပြောတာတွေမရှိဘူး။ ဒါပေမဲ့ ဒီအချိန်ဒီကာလမှာတော့ ဒီတော်လှန်ရေးကြီးကို ဒီစစ်ဆင်ရေးကြီးက တစ်တပ်တအား အထောက်အကူ ပြုတယ်ဆိုတာကတော့ အသေအချာပြောလို့ရပြီ။ အချင်းချင်း ယုံကြည်မှုနဲ့ ပတ်သက်လို့ ဇဝေဇဝါဖြစ် နေတာတွေ က တော်တော်လေးကိုရှင်းသွားပြီ”

ပဒိုစောတောနီး(KNU ပြောခွင့်ရ)

ကရင်အမျိုးသားအစည်းအရုံး KNU က ကော်သူးလေ ဖက်ဒရယ်ယူနစ်ကိုအကော်အထည်ဖော်ဖို့ စစ်ရေး အရှိန်မြှင့်မယ်လို့ ထုတ်ပြောလာပါတယ်။ ဒါကြောင့်လက်ရှိ ရှမ်းမြောက်မှာအကောင်အထည်ဖော် နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်ပါလဲ။ ကေအန်ယူရဲ့ စစ်ရေးအရှိန်မြှင့်မှု တွေက ဘယ်လိုနေရာတွေမှာဖြစ်လာနိုင်တာပါလဲ။ KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Комментарии

Информация по комментариям в разработке