A Cool & Cozy Village called Mae Kampong near Chiang Mai | ချင်းမိုင်မြို့နားက မယ့်ကမ်ပေါင်ရွာလေး

Описание к видео A Cool & Cozy Village called Mae Kampong near Chiang Mai | ချင်းမိုင်မြို့နားက မယ့်ကမ်ပေါင်ရွာလေး

ထိုင်းနိုင်ငံ ရဲ့ ချင်းမိုင်မြို့လေးကို ရောက်ရင် အခုနောက်ပိုင်း မယ့်ကမ်ပေါင် [Mae Kampong] ဆိုတဲ့ရွာလေးကို မဖြစ်မနေသွားလည်နေကြပါပြီ...မယ့်ကမ်ပေါင်ရွာလေး ဟာ ချင်းမိုင်ကနေ ၁ နာရီခွဲလောက် ကားမောင်းချိန်ယူပြီး သွားကြရတဲ့နေရာဖြစ်သလို တောင်ပေါ်တစ်နေရာမှာ ရှိနေတဲ့ရွာလေးဖြစ်လို့ တောင်ဆင်းတောင်တက် ခရီးနှင်ကြရပါတယ်။ချင်းမိုင် ကနေ ချင်းရိုင်/မယ်ဆိုင်ဘက်သွားတဲ့ အမြန်လမ်းမကြီးကနေ လမ်းခွဲသွားတာဖြစ်ပြီး လမ်းထိပ်မုခ်ဦးကို သတိပြု​ဝင်လာကြရမှာပါ။တောင်တက်အကွေ့အကောက်လမ်းအတိုင်း တက်လာရပါတယ်။ လမ်းလေးက အတော်ကျဉ်းမြောင်းလာပြီး အသွားအပြန် ကား ၂ စီး ရှောင်စာလေးပဲ ဖြစ်လာပါတယ်။မိနစ် ၂၀ လောက် သွားပြီးတဲ့အခါ တောင်တက်ကားလမ်းမဘေး တောင်စောင်းလေးတွေမှာ ဆောက်ထားတဲ့ ချစ်စရာအိမ်လေးတွေနဲ့ မယ့်ကမ်ပေါင်ရွာကို ရောက်လာပါတယ်။ရာသီဥတုကလည်း အေးမြလန်းဆန်းနေပြီး ရွာလယ်ဈေးဆိုင်တန်းလေးတွေနဲ့ ချစ်စရာ ဖြစ်ပါတယ်။ ရာသီဥတုလေး ကောင်းသလို၊ လူတွေကလည်း ဖော်ရွေပြီး ဆိတ်ငြိမ်အေးချမ်းလွန်းတဲ့ ဒီမယ့်ကမ်ပေါင်ရွာလေးဟာ ဓါတ်ပုံရိုက်လို့လည်း လှတာကြောင့် လာရောက်သူများပါတယ်။ ချစ်စရာ မယ့်ကမ်ပေါင်ရွာလေးကို ချင်းမိုင်ဘက် ရောက်ရင် လည်ပတ်ကြည့်နိုင်ဖို့ ဗီဒီယိုလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
.
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေခင်ဗျာ
သီဟလုလင် (Thiha, the Traveller)

Комментарии

Информация по комментариям в разработке