စာနာတတ်သူမို့ ရေး/ဆို ဖိုးခွား (၁၉၉၇)

Описание к видео စာနာတတ်သူမို့ ရေး/ဆို ဖိုးခွား (၁၉၉၇)

သံစဉ်/စာသား/ဖွဲ့ဆို - ဖိုးခွား
တေးစု - နှစ်ပေါင်းသုံးဆယ် (၁၉၉၇) (တေးရေးများ စုစည်း သီဆိုမှု တေးစု)
(ညီညီသွင် ၊ ညီညီစံ ၊ စောခူဆဲ ၊ မိုးကောင်း ၊ ဒေါမနစ် ၊ စောတင်မီ ၊ ကလိုမှူး ၊ ဖိုးခွား ၊ ဏာဏီး တေးရေးဆရာများ စုစည်း၍ အောင်မြင်ကျော်ကြားခဲ့သည့် ကိုယ်ပိုင်သီချင်းများကို ကိုယ်တိုင်ပြန်လည်သီဆိုမှု)
ဤ သီချင်းကို ၁၉၉၀ ခုနှစ် အစောပိုင်း နှစ်များတွင် ကိုမှိုး (သောကဖြေဆေး တေးစု) မူရင်းသီဆိုခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည်။ ခေတ်အဆက်ဆက်လည်း အမျိုးသား/အမျိုးသမီး တေးသံရှင် ပေါင်းစုံ ပြန်လည် သီဆိုကြသည်။ ယခု ဗားရှင်း မှာ တေးရေးသူ ဖိုးခွား ကိုယ်တိုင် သီဆိုသည့် ဗားရှင်းဖြစ်သည်။ ၂၅-မေ-၂၀၁၂ တွင် ကွယ်လွန် သွားခဲ့သည့် တေးရေး/တေးဆို ဖိုးခွား အမှတ်တရ တင်ဆက်ခြင်း ဖြစ်သည်။

Credit & Warning Message
Audio: My Own Collection.
Pho Khwar's Photos: Credit with Big Thanks to U Win Maw (Shwe Than Zin), Ko Naing Kyaw.
Disclaimer: I do not own the rights to this song and any material of the contents of this music video.
Copyright @ Song Writer/Singer Phoe Khwar (his surviving next of kin) & Other Rightful Owner(s).
No Copyright Infringement Intended.
This is "Personal & Non-Commercial Use ONLY".
Thank You For Listening!
NCA

---
Lyrics:
နွေးထွေးတဲ့.. အပြုံးကလေးများနဲ့.. ရင်ထဲက.. သောကများ.. ဝေးလွင့်သွားအောင်.. ဖယ်ရှားပေးတဲ့.. နူးညံ့တဲ့.. မင်းကလေး.. အပြုံးကို.. ရွှေချ.. သိမ်းထားချင်မိတယ်..
ကြမ်းတမ်းတဲ့.. ကိုယ့်.. ရဲ့.. လက်ကို.. အတူ.. တွဲလို့.. ခြောက်သွေ့တဲ့.. ကိုယ့်.. ဘဝထဲကို.. ဝင်လာရဲတဲ့.. အကြင်နာတွေ.. အတွက်.. ကျေးဇူးပါပဲကွယ်..
အေးချမ်းတဲ့.. အားပေးစကားတွေ.. ရင်ထဲ.. အရောက်.. နှလုံးသားထဲ.. စီးဆင်းသွားအောင်.. ချိုလွန်းလို့ကွယ်.. ပြောတတ်တဲ့.. နှုတ်ခမ်းပါးလေးကို.. ရွှေချ.. သိမ်းထားချင်မိတယ်..
အခက်အခဲနဲ့.. အတားအဆီး.. များကို.. ကျော်ဖြတ်ဖို့.. စွမ်းအားတို့.. ဖြည့်လို့.. ပေးတဲ့.. အချစ်ဆုံးကလေး.. စေတနာတွေ.. အတွက်.. ကျေးဇူးပါပဲကွယ်..
ကျေးဇူးပဲ.. အချစ်.. ရယ်.. ကျေးဇူးပဲ.. မင်းကလေး.. မင်းကလေး.. ရဲ့.. မေတ္တာတွေ.. တို့.. ရင်ထဲမှာ.. အေးလိုက်.. နွေးလိုက်.. နဲ့.. အချစ်ကလေး.. ရယ်.. ဆွေးရအောင်တော့.. ဝေးဖို့.. မစဉ်းစားပါနဲ့ကွယ်..
အမြဲတမ်းပဲ.. မင်းရဲ့.. အနားမှာ.. အရိပ်ကလေး.. အဖြစ်.. စောင့်ရှောက်.. ခွင့်ပြုတော့.. အချစ်ရယ်.. တသက်လုံးပေါ့.. ကိုယ့်.. ဘဝ.. နဲ့.. ကိုယ့်.. ရဲ့.. အချစ်.. ကို.. သိပ်ပြီး.. သိတတ်သူမို့..
တို့.. ရဲ့.. နှလုံးသားထဲက.. လမင်းလေးလို.. အလင်းတန်းများ.. ပေးလို့.. ကိုယ့်.. ကို.. စာနာလွန်းတဲ့.. ကြင်နာသူ.. ရယ်.. ကျေးဇူးပါပဲကွယ်..
---

Комментарии

Информация по комментариям в разработке