ရေဘေးအန္တရာယ် ကာကွယ်ရန် မဖြစ်မနေ သိထားရမည့် အချက်များ

Описание к видео ရေဘေးအန္တရာယ် ကာကွယ်ရန် မဖြစ်မနေ သိထားရမည့် အချက်များ

ရေမကြီးခင်
ရေကြီးလာရင် ဘယ်ကိုရွှေ့မယ်၊ ဘယ်နေရာမှာ ဆုံကြမယ်ဆိုတာ မိသားစုဝင် အားလုံးကို တိုင်ပင် အသိပေးပါ။
ကလေးရှိပါက မတော်တဆ လူကွဲသွားနိုင်သည့် အရေးမှ ကာကွယ်ရန် ဆက်သွယ်ရမည့် အချက်လက်များအား ရေးပြီး ပလတ်စတစ်အိတ်ထဲ ထည့်ကာ ကလေးဝတ်ဆင်ထားသည့် အဝတ်အစားထဲ​ ထည့်ပေးရပါမည်။
ရေသန့် စုဆောင်းပါ။
ဆေးဝါး၊ အသင့်စား အစားအစာများ အစရှိသော အရေးပေါ် ပစ္စည်းများအား အိတ်တလုံးဖြင့် အဆင်သင့် ရှိပါစေ။
ဘောကွင်းကဲ့သို့ ရေပေါ်ပေါ်နိုင်သည့် အရာဝတ္ထုများအား အရေးပေါ် အခြေအနေ အတွက် ပြင်ဆင်ထားပါ။
မိုးလေဝသ သတင်းနားထောင်ပါ။

ရေကြီးနေစဥ်နှင့် ရေကြီးပြီး
အိမ်မှာနေလျှင် မိန်းချထားပါ
ရေကို ကြိုချက်သောက်ရန် အရေးကြီးသည်။
မြွေကဲ့သို့ အဆိပ်ရှိ သတ္တဝါများ၏ အန္တရာယ်ကို ဂရုစိုက်ပါ။
မြစ်ကမ်း ချောင်းကမ်းများသို့ မသွားပါနဲ့
ရေကူးခြင်း၊ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းများ မပြုပါနှင့်။

Комментарии

Информация по комментариям в разработке