အမှားမြင် အမှားသိ,မိစ္ဆာဒိဌိ

Описание к видео အမှားမြင် အမှားသိ,မိစ္ဆာဒိဌိ

အမှားမြင် အမှားသိ,မိစ္ဆာဒိဌိ
#သဲအင်းဂူဆရာတော်ဘုရားကြီး
#တရားတော်များ

#တွယ်ရာမဲ့သံသရာ

☮️အရှေ့ အနောက် ၊ တောင်မြောက်ဘယ်က၊မှန်းဆ မ မီ ၊"ကံ " ကြိုက် ညီ ၍
ထို ဤ ဒေသ ၊" ကံ " ပစ်ချ သော်
ဌာန လူ့ ရွာ ၊ ဤနေရာ၌
သူဟာ" ဇနီး "၊ ငါလည်း" လင် သား "
သင် ကား" သမီး " ၊ ငါလည်း" သားထွေး "
လာ စုဝေး လျက် ၊" ကံ " ပေး" ကံ " ယူ
" ကံ " သစ် ထူ ကြ ၊ ချစ် ကြ မုန်း ကြ
ပစ် မှား ကြ နှင့် ၊ ဘဝ ကျေးကျွန်
နစ် မွန်း လွန် လျက် ၊ တက် ချွန် မာန
#ဒေါသ ပွက် ဆူ ၊ လောဘ ထူရင်း
ပူ ပြင်း ရိပ် မြုံ ၊ မ လုံခြုံ သည်
ဪ...၊နေကုန်နေခန်း ခရီးကြမ်း ၊
☮️" အို ... " ကံ" ရယ်
အ ဘယ် ကြောင့် များ ၊ အ ငြိုး အား နှင့်
လှုပ်ရှား ယိုင် နဲ့ ၊ စုတ် ပြဲ သိုက် မြုံ
ဖန် လာ တုံ လည်း ၊ မ ကုန် လေ လား
သင့် စွမ်းအား ကို ၊ ငါ ကား မသိ ၊ နေရာတကာ ၊ " သူ" သာ လွှမ်းမိုး
မှန်းဆ ကြည့် လည်း ၊ ထင် မိ ယောင် မှား ၊
ဝိုးတဝါး သာ ။
☮️ " ငါ ကား အမှန် ၊ သူ ကား အမှာ"
" ငါ ကား မ လွန် ၊ သူ က ကျွန် ၏"
" ငါ သိ ငါ သာ ၊ ငါ .. ငါ .."
နေရာတကာ၊"သူ"သာလွှမ်းမိုး
ရန်ငြိုးရစ်ပတ်၊အထပ်ထပ်လိမ်
#ပင့်ကူအိမ် သို့၊တစ်ကြိမ်ချေဖျက်
တစ်ရစ်တက်ရင်း၊
သက်ဆင်းသမျှ၊ဝါးမြိုချသော်
ဘဝမာန မီးလျှံထသည်
ထိပါးသမျှ လောင်သည်ချည်း။
☮️မာ န မီး လျှံ ၊ လွန် ပြင်းထန်သော်
ခက်ထန် ဒေါသ ၊ တ ဟုန်း ဟုန်း
တက် လျှံ လောဘ ၊ တရုန်းရုန်း
ဘက် ပြန် မောဟ ၊ တ မှုန်း မှုန်း
ရုန်းရင်းဆန်ခတ် ၊ မရပ်မနား
#စွမ်းအားအပြည့်၊မြိုက်လောင်ငြိလျှင်
မရှိ“အရှက်”၊မဖက် “ အကြောက်”
မထောက် “အားနာ” “ မေတ္တာ” လည်းကင်း
“ ကရုဏာ” ကင်း လျက်
ရှောင် ကွင်း “ မုဒိတာ”
ဆိတ် သုဉ်း ပါ သော် ၊ ဘယ်မှာ “ သုခ”
“ ဘဝတန်ဖိုး” ရှာ နိုး ခက်ခက်
နေ့ရက် မြင့် ကြာ ၊ ဗလာနတ္ထိ
မ ရှိပြီလား အနာဂတ် ။
☮️ဘဝ ပေး “ ကံ” ၊ ပစ်ချ ခံ လျက်
သူ စီမံ ရာ ၊ နာ ခံ ပါ သော်
“ သင်” “ ငါ” လူသား၊ ခွန်အား မရှိ
ညံ့ ဘိ ဖြစ်ခြင်း ၊ လက်ငင်း ပစ္စုပ္ပန်
လက် တွင်း “ ကံ” ကို ၊ စီမံ ပဲ့ကိုင်
ထိန်းချုပ် နိုင် မှ ၊ ဘဝ စွမ်းအား
မြင့် မား ခိုင်မာ ၊ လို ရာ ပန်းတိုင်
ချီတက် နိုင် လိမ့် ။
☮️မနေ့က “ ကံ” မနေ့က ကျန်ခဲ့
တု န့် ပြန် အင်အား ၊ ပဲ့ကိုင် ထား ရင်းဒီနေ့ ရဲ့“ ကံ” ဒီနေ့ “ ဖန်” သော်
နက်ဖြန် “ ကံ” အား သစ် တိုး လိမ့်
ဖွံ့ဖြိုး ခိုင်မာ ၊ လန်းဆန်း လာအောင်
“ မေတ္တာ” ရေ ဖျန်း ၊ ယှက် သန်း “ ကရုဏာ”
“ မုဒိတာ” အ ရိပ် ၊ ချွေး သိပ် အေးမြ
လှပသော ဘဝ ၊ တည်ငြိမ်သော ဘ ၀
ခိုင်မာသော ဘဝ ၊ လန်းဆန်း သော ဘဝ
“ ကံ” စ မျိုးစေ့ ၊ နောက်နေ့ အတွက်
တစ်ရက်ပြီးတစ်ရက် ၊
တစ်သက် ပြီး တစ်သက်
ဆက် ကာ ဆက် ကာ
မှန်း ကာ စိတ် ရည် ပွား ရစ် မည် ။
လန်း ဖြာ လိမ့် မည် အား သစ် တည် ။
☮️ဪ. • •
#ဘဝခန္ဓာ ၊ ရ ရှိလာ ကြောင့်
#တဏှာ ၊ #မာန ၊ သူ့ စွမ်း စ ကို
ပြု သမျှ ခံ ၊ စီမံ ထိန်းချုပ်
ဇာတ်လမ်း ရှုပ် ရင်း
မြုပ် ချည် ပေါ် ချည် ၊ မွန်း ကြပ် ပြီ တ ည့်
စုန် ချည် မျော ချည် ၊ မောလှပြီ တ ည့်
ထို ဤ ပြေးလွှား ၊ မ နား မ ရပ်
လှ ည့် ပတ် မာယာ ၊ သံသရာ ကြော
စုန် ဆန် မျော ရင်း ၊ အ တော မ သတ်
ချား ရဟတ် ဗွေ ၊ အနားသတ် ခွေ မရှိ
ပကတိ တွယ်ရာမဲ့ ပါ တ ကား ။

မောင်ဟံသ

   / @samsaravisitor  

Комментарии

Информация по комментариям в разработке