ချစ်မိုးကြီး

Описание к видео ချစ်မိုးကြီး

ချစ်မိုးကြီး
တေးရေး -ရန်နိုင်စိန်
ညို ရောင် မှိုင်း....

မိုး...မိုးတိမ်ယံက ဆိုင်း
ဆိုင်းခဲ့လေပြီ သက်ထား
ဘယ်သော အခါများ
အချစ်ပွားရပါ မည်.....

ချစ်မေတ္တာ ‌သာစေကြောင်း
ဆုတောင်းပေမယ့် တာရှည်ခဲ့ပြီ
စကြာဝဠာကွာလေငြား
စိတ်မှာသာပင် လိပ်ပြာထဲ စွဲမိသည်
မတတ်သာ ခပ်ခွာခွာနေဦးတော့
မုန်းလို့ဖြင့် ဟုတ်ပါပဲ
အသည်းဘဝင်မှာအတည်
မခွဲ ချင်ပါသည်။

ထာဝစဉ် အမြဲတမ်းမမေ့နိုင်သည်
နေ့စဉ်ခင်မင် စွဲလန်းသည်
လစန္ဒာ မြူနှင်း မှုန်ဝေဆိုင်းလို့ရယ်
နှစ်ယောက်ချင်းလဲ သဘောတူညီ
ချစ်တင်းလဲ နှောခဲ့သည်

ပြောပေမယ့်လို့
သူကတော့ မေ့ပြီထင်ပါသည်
ချစ်ပင် ချစ်မိုး ချစ်လက်စ တိုးခဲ့ကြသည်

ဪ....ပြောပေမယ့်လို့
သူကတော့ မေ့ပြီထင်ပါသည်
ချစ်ပင် ချစ်မိုး ချစ်လက်စ တိုးခဲ့ကြသည်
ချစ်မိုးကြီး မစဲပဲ
သည်းသည်းမည်းမည်း အမြဲပင်ရွာချင်သည်

သဉ္ဇာဗွေလီ
လူခြေတိတ်တောင် အိပ်လို့မရပေါင်
ရောင်နီကျင်းကာ လင်းချိန်တန်ခဲ့ ပြီ

အရိပ်ကို အယောင်ထင်
လူချင်းတွေ့ကာ ပြောချင်လှသည်

မေ့လို့ မရနိုင်ပါသည်
ဖျောက်လို့မရနိုင်ပါသည်
မျက်စိထဲမှာ ဝဲကာပေါ်လာသည်
ကြာလေ မမေ့နိုင်ပဲ မောင့်ကိုပဲ စွဲမိသည်
အသည်းထဲက မေတ္တာရည်
မောင့်ကိုရည်ညွှန်း သွန်းခဲ့သည်

လွမ်း အောင် ခု
ပြုရက်ပါပေ့ အနေခက်အောင် သွေကွက်ခဲ့ပြီ
သတ္တဘာဂီ ဘဝင်မှာ မရွှင်နိုင်‌တော့သည်
အချစ်ဆုံးမို့ မမုန်းရက်နိုင်သည်
ဘယ်....တော့မှ မမုန်းရက်နိုင်တော့သည်

ရန်ဘယာ အလီလီ ကင်းစေကြောင်းနဲ့
အခါခါမျှော်ရည် ဆုတောင်းရပါသည်
တောင်းတဲ့ ဆုနဲ့ ပြည့်စုံပါရစီ....

Комментарии

Информация по комментариям в разработке