စာသား နှင့် ကျပ်ပြား စာရေးသူ - ဇေယျ Videobook

Описание к видео စာသား နှင့် ကျပ်ပြား စာရေးသူ - ဇေယျ Videobook

စာသား နှင့် ကျပ်ပြား
စာရေးသူ - ဇေယျ
သွေးသောက်မဂ္ဂဇင်း ၁၉၅၅ မတ်လ

မကြာသေးမီက မဂ္ဂဇင်းတစောင်တွင် စာရေးဆရာ
တို့၏ဘဝကိုစပ်ကာ ဟပ်ကာ၊ ရောက်တတ်ရာရာတို့ကို
ရေးသားရာ၌ စာရေးဆရာတို့အတွက် စာရေးခြင်းသာ
လျှင် ပဓါနဖြစ်သည်။ ၎င်းတို့ရေးသော စာအတွက်
ငွေကြေး လက်ခံရခြင်းသည် ပဓါနမဟုတ်၊ မိမိစာကို
တန်ရာတန်ဘိုးထား ရောင်းစားသူမှာ အကယ်စင်စစ်
စာရေးဆရာမဟုတ်၊ ကုန်သည် ပွဲစား၊ ဈေးရောင်း
သမားသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ ဆိုခဲ့ လေသည်။
ဤ ဆောင်း ပါးကို ရေးသားပြီး နောက်၊ မကြာမီပင်
ဆောင်းပါးကို ဘတ်မိသောမိတ်ဆွေတဦးက၊ ဆရာ_
ဆရာ့ဆောင်းပါးမှာ ရေးထားသည့်အတိုင်း စာရေး
ဆရာမှန်လျှင်ငွေမယူရဘူးဆိုတာ တကယ်ဘဲလားဟု
မေးလေသည်။ မေးလောက်သော စကားပင် ဖြစ်ချေ
သည်။

Комментарии

Информация по комментариям в разработке