"မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု ဉာဏ်နည်းမှုတွေကြောင့် တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်"

Описание к видео "မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု ဉာဏ်နည်းမှုတွေကြောင့် တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်"

"အာဏာသာ ရူးတာ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နိုင်တဲ့ အစိုးရလုပ်နိုင်တဲ့ အသိနဲ့ ဉာဏ် ပညာ အတတ်ပညာလုံးဝကင်းမဲ့တဲ့ အခြေအနေပါ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှုအသိ ဉာဏ်နည်းမှုတွေကြောင့်ပဲ တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခြေ အနေ"

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

Комментарии

Информация по комментариям в разработке