AK ကျည် ၅,၀၀၀ Challenge ၂၅ ရာခိုင်နှုန်းသာ အောင်မြင်သေး၊ပါဝင်ကူညီပေးရန်PDF Kalayတပ်ရင်း(၇)တိုက်တွန်း

Описание к видео AK ကျည် ၅,၀၀၀ Challenge ၂၅ ရာခိုင်နှုန်းသာ အောင်မြင်သေး၊ပါဝင်ကူညီပေးရန်PDF Kalayတပ်ရင်း(၇)တိုက်တွန်း

AK ကျည် ၅,၀၀၀ Challenge ၂၅ ရာခိုင်နှုန်းသာ အောင်မြင်သေး၊ ပါဝင်ကူညီပေးရန် PDF Kalay တပ်ရင်း (၇) တိုက်တွန်း

---------------------

(မဇ္စျိမ) ။ ။ AK ကျည် ၅,၀၀၀ Challenge စတင်ခဲ့သည့် ဆယ်ရက်တာကာလအတွင်း ၂၅ ရာခိုင်နှုန်းခန့်သာ အောင်မြင်သေးသည့်အတွက် ထပ်မံပါဝင်လှူဒါန်းပေးကြရန် PDF Kalay တပ်ရင်း (၇ ) က ပြည်သူများအား တိုက်တွန်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ရေရှင်ရွာ၊ အရှေ့စည်းရွာနှင့် ရှားဖိုကျေးရွာတိုက်ပွဲတို့တွင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ၎င်းတို့ထံမှ လက်နက်များ၊ ကျည်ဆန်များ၊ ဗုံးသီးများ ရရှိသည်အထိ PDF Kalay တပ်ရင်း (၇) မှ ရဲဘော်များက တိုက်ပွဲဝင်ခဲ့ကြသည်။

ထိုသို့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်များအား ဂုဏ်ပြုထောက်ပံ့ခြင်းအပြင် ယခုရောက်ရှိနေသည့် မိုးရာသီအတွင်း ခုခံစစ်ကိုဆင်နွှဲနိုင်ရန်အတွက် PDF Kalay တပ်ရင်း (၇) က AK ကျည် ၅, ၀၀၀ စိန်ခေါ်လှူဒါန်းခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Challenge စတင်ခဲ့သည့် သြဂုတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆယ်ရက်တာ ကာလအတွင်း ငွေကျပ် ၆,၀၀၀,၀၀၀ (ကျပ်သိန်း ၆၀)ခန့်ရရှိထားပြီး ၂၅ ရာခိုင်နှုန်းသာ အောင်မြင်သေးကြောင်း သိရသည်။

အဆိုပါ Challenge ကို သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တစ်လ အချိန်သတ်မှတ်ထားကာ ရရှိလာသည့်လှူဒါန်းငွေများဖြင့် AK ကျည် ၅,၀၀၀ ဝယ်ယူနိုင်ရန် ရည်ရွယ်ထားကြောင်းဆိုသည်။

AK ကျည်တစ်တောင့်၏ တန်ဖိုးသည် လက်ရှိပေါက်ဈေး မြန်မာငွေ ၁၀,၀၀၀ ကျပ်အထိ တန်ဖိုးရှိသည့်အတွက် တတ်နိုင်သ၍ထပ်မံအားဖြည့်ပါဝင် ကူညီလှူဒါန်းပေးကြပါရန်လည်း PDF Kalay တပ်ရင်း (၇)က မိဘပြည်သူများကို မေတ္တာရပ်ခံထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#AK
#ကျည်_၅၀၀၀
#Challenge
#လှူဒါန်းငွေ
#ကလေးမြို့
#PDF

-------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် Mizzima Youtube Channel မှာ member အနေဖြင့် ၀င်ရောက်ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းလိုက်ပါရစေ.
-- Member ၀င်ရန် --
   / @mizzimanewstv  

-- Support Funds --
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်လီုက်ပါရစေ.လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Free Download -- Mizzima TV App -- http://onelink.to/jnuwak/
Follow us on other platforms :
Facebook ( Myanmar Language)-  / mizzimadaily  
Facebook (English language)-  / mizzimamyanmarnews  
Facebook (Mizzima+TV)-  / mizzimaplustv  
Twitter   / mizzimanews  
Telegram https://t.me/mizzimatv/
Website : https://www.mizzima.com/ https://www.mizzimaburmese.com/
https://www.mizzima.tv/
...............................................
About Us :
Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.
......................................................

Комментарии

Информация по комментариям в разработке