၂၄ နာရီ မပျော့အောင် အာလူးကြော်နည်း how to make crispy potato chips

Описание к видео ၂၄ နာရီ မပျော့အောင် အာလူးကြော်နည်း how to make crispy potato chips

၂၄ နာရီ မပျော့အောင် အာလူးကြော်နည်း

ဆိုင်မှာရောင်းတဲ့ အာလူးကြော်တွေလို လုံးဝ မပျော့ဘဲ ကြွပ်ကြွပ်လေးစားကောင်းအောင် ကြော်နည်းလေးပါ။ ကြော်နည်းလေးက ကျောက်ပန်းတောင်းက အာလူးကြော်ရောင်းတဲ့အစ်မက တစ်တော့မှာ မျှဝေပေးထားတဲ့အတိုင်း ပြန်ကြော်ပြထားပါတယ်ခင်ဗျာ...

အာလူးကြော်နည်းဗီဒီယိုကြည့်ရန်

အာလူးကို မပျော့အောင် ကြော်ဖို့ ထုံးရေစိမ်တယ်။ ကျောက်ချဉ်စိမ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ အာလူးကို ရိုးရိုးရေပဲ စိမ်ပြီး ဆေးရတာဖြစ်ပါတယ်။
ပထမဆုံးအာလူးကို အခွံနွာ၊ ပါးပါးလှပ်လှပ်လေး ခြစ်နဲ့ခြစ်။
ပြီးရင် ရေအေးအေးနဲ့ ဆေးပါ။ အာလူးထဲက ကစီဓာတ်တွေ (အာလူးကော်)တွေထွက်လာပါလိမ့်မယ်။ စကာနဲ့ စစ်လိုက်။ ရေသန့်နဲ့ပြန်ဆေးလိုက်နဲ့ လုပ်ပေးပါ။ ကျွန်တော်က ၅ ခေါက်တိတိ ဆေးပြီး ရေစစ်ထားပေးပါတယ်။ ပြီးရင် ဆား အနည်းငယ် ထည့်ပြီးနယ်ထားပေးပါ။ (အချိုမှုန့်စားရင် အချိုမှုန့် ထည့်နယ်လို့ရပါတယ်။ ရောင်းတန်းဝင်တွေက အချိုမှုန့်ထည့်လေ့ရှိပါတယ်)
ပြီးရင် ရေစစ်ထားပေးပါ။
အာလူးကြော်ဖို့အတွက် ဆီက လုံးဝ ပူနေရမှာဖြစ်ပါတယ်။ ပူကြွပ်နေတဲ့ ဆီပူပူထဲကို အာလူး‌ခြစ်ထားတာတွေထည့်ပြီးကြော်ပေးပါ။ ကြော်နေစဉ် အမြဲမွှေပေးပါ။ အာလူးက ပါးပါးလေးခြစ်ထားတာကြောင့် အကြာကြီးကြော်စရာမလိုပါဘူး။ ပူစီပေါင်းတွေထနေတဲ့ ဆီက ပူစီပေါင်းတွေမထားဘဲ ငြိမ်သွားမယ်။ အာလူးကြော်အရောင်လေးက အဝါရောင် ဖျော့ဖျော့သန်းလာမယ်ဆိုရင် စပြီး ဆယ်ဖို့ ပြင်ထားပါ။ အဝါရောင် မရင့်ခင် ဆယ်ပြီး ဇကာနဲ့ ဆီစစ်ထားပါ။
ဒါဆိုရင် ကြွပ်ပြီး စားကောင်းတဲ့ အာလူးကြော်ရပြီဖြစ်ပါတယ်။
ကျွန်တော်က ပါဆယ်ဝယ်ရင်ထည့်ပေးတဲ့ ပလတ်စတစ်ဗူးလေးနဲ့ပဲ ထည့်ထားတာကို ၂၄ နာရီတိတိ မပျော့ဘဲ ကြွပ်နေတုန်းပါ။
အာလူးကြော်လေးကို မျှဝေပေးတဲ့ ကျောက်ပန်းတောင်းက (နန်းဝေကျော် အာလူးကြော်)အစ်မ ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Комментарии

Информация по комментариям в разработке