စေတန် (သို့မဟုတ်) ဆက်ဒမ် အပိုင်း (၁)

Описание к видео စေတန် (သို့မဟုတ်) ဆက်ဒမ် အပိုင်း (၁)

အဆုံးစွန်ဆုံးသော ရန်လိုမုန်းတီးမှုတွေ၊ လူမဆန်တဲ့ ရက်စက်မှုတွေ အပြည့်နဲ့ အီရတ်နိုင်ငံကို ၂၃ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင်၊ အလုံးစုံ ပျက်သုဉ်းရေးနှင့် ကြမ်းကြုတ်ရက်စက်မှုတွေကို ဖော်ဆောင်ရာမှာ ဟစ်တလာ ပြန်လည် ရှင်သန်လာတယ်လို့ တင်စားခံခဲ့ရတဲ့ အာဏာရှင်။ သူကတော့ ဆက်ဒမ်ဟူစိန်ပဲဖြစ်ပါတယ်။
ကိုယ့်လုပ်ရပ် မှန်သလား မှားသလားဆိုတာကို အသိဉာဏ်ရှိရှိ စဉ်းစားတွေးခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဒီတစ်ခေါက်ကျွန်တော်တို့ တင်ပြပေးမယ့် ထုတ်ကုန်လေးကတော့ စေတန် (သို့မဟုတ်) ဆက်ဒမ်။
ကျွန်တော်တို့တင်ဆက်ပေးမယ့် ဇာတ်လမ်းကတော့ အာဏာကို ပြင်းပြင်းပြပြ တပ်မက်ယစ်မူးတဲ့ စိတ်တစ်ခုက စရိုက်ကြမ်းတဲ့ လမ်းဘေးတေလေတစ်ယောက်ကို အရှေ့အလယ်ပိုင်းဒေသရဲ့ အရက်စက်ဆုံးနဲ့ အကြမ်းကြုတ်ဆုံး အာဏာရှင်တစ်ယောက်ဖြစ်အောင် ပြောင်းလဲစေခဲ့ပုံပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေ ကွပ်မျက်ခံရတော့မယ့်အချိန်မှာတောင် ဆေးလိပ်ဖွာရင်း အပြုံးမပျက်ခဲ့တဲ့ ဆက်ဒမ်ဟူစိန်ဟာ ကြီးလေးလှတဲ့ ရာဇဝတ်မှုတွေ တစ်ခုပြီးတစ်ခုကျူးလွန်ပြီး အာရပ်ကမ္ဘာကို စိုးမိုးနိုင်ဖို့ကြိုးစားခဲ့တဲ့ သူ့ရဲ့စီမံကိန်းကြီး လုံးလုံးပျက်စီး‌တော့မယ်လို့ သိလိုက်ရချိန်မှာ အရမ်းကို တုန်လှုပ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ ‌မြေကျင်းတစ်ခုထဲမှာ အရှက်သိက္ခာမဲ့စွာနဲ့ ပုန်းအောင်းနေတဲ့ ဆက်ဒမ်ဟူစိန်ကို အီရတ်ပြည်သူတွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

#ဆက်ဒမ်
#ဆက်ဒမ်ဟူစိန်
#Saddam
#SaddamHussein

Credit#
Dance of Deception by Kevin MacLeod is licensed under a Creative Commons Attribution 4.0 license. https://creativecommons.org/licenses/...
Source: http://incompetech.com/music/royalty-...
Artist: http://incompetech.com/

Комментарии

Информация по комментариям в разработке