ရက်တိုတိုနဲ့အပင်အားဆေးရည်လုပ်နည်း EP.2

Описание к видео ရက်တိုတိုနဲ့အပင်အားဆေးရည်လုပ်နည်း EP.2

#နေရောင်ခြည်သုံးသဘာ၀အပင်အားဆေးရည်

ကုန်ကျစားရိတ်သက်သာပြီးကိုယ့်အိမ်မှာကိုယ်တိုင်လုပ်နိုင်တယ်
အပင်အတွက်ကောင်းတဲ့ သဘာ၀အပင်အားဆေးရည်က
အပင်ကိုကြီးထွားလှပစေတယ် အရွက်စိမ်းတယ် ၊
အသီးလှစေတယ် ၊ မြေဆီလွာကိုပြုပြင်ပေးတယ်။
တစ်ပတ်မှာ ၂ ကြိမ်ဖျန်းပေးလို့ရတယ်
*** ဆေးရေ များလွန်းရင်အပင်သေတယ်အမြစ်ပုတ်တယ်****

အပင်အားဆေးရည်ကြက်သွေးရောင်အရင့်ရလာတဲ့နေ့ မှစ
(၃)လ ကျော်အထိ ထား သုံးလို့ရတယ် ပိုကြာသွားရင်
အက်ဆစ်များပြီးအပင်ကိုပျက်စီးစေတယ်

အပင်ကြီးအတွက်အ ပင်အားဆေးရည် အသုံးပြုနည်း
ရေ ၅ လီတာ ရေဖျန်းပုံးထဲမှာ - - - ဆေးရေ ၁၂၅ စီစီ
ရေ ၁၀ လီတာ ရေဖျန်းပုံးထဲမှာ - - - ဆေးရေ ၂၅၀ စီစီ
အပင်ကြီးတွေရဲ့ အောက်ခြေမှာ လောင်းပေး လို့ရပါတယ်
(သရက်ပင်၊ ကြံပင် ၊ ငှက်ပျောပင် ၊ ရှားစောင်းပင်
ငရုပ်သီးပင် နှင်းဆီပင် စံပယ်ပန်းပင် ၊ သစ်ခွပင်
ပန်းပင် /စားပင် အပင်အမျိုးမျိုး လောင်းပေးလို့ရတယ် )

*** ၂၅၀ စီစီ = သောက်ရေသန့်ဗူး ၅၀၀ စီစီ အသေးဆုံးဗူးရဲ့တစ်ဝက် ***

အပင်ငယ် ဖျန်းဖို့ အတွက်
ရေတစ်လီတာဗူးထဲ မှာ
ဆေးရေ အဖုံးတစ်ဖုံး ထည့်သုံးပြီးဖျန်းနိုင်လောင်းနိုင်ပါတယ်
ကြက်သွန်ပင်၊ ပူစီနံ ၊ နံနံပင် ၊ မုန်ညင်းပင်၊ ဆလပ်ပင်
အပင်ငယ်လွန်းရင် ဖျန်းပေးပါ

***** အပင်စပျိုးချိန် ပျိုးပင်ငယ်မှာမသုံးရ ******

အထက်ကနည်းတွေက အိမ်မှာတနိုင်တပိုင်စိုက်ပျိုးပင်တွေအတွက် အသုံးပြုနည်းလေးပါ
ပါ့ပါ့က အပင်စိုက်တာဝါသနာပါလို့ အိမ်မှာကိုယ်တိုင်စိုက်ပြီး
အပင်အတွက်လိုအပ်တာတွေကို လေ့လာ စမ်းသပ်အသုံးပြုနေသူပါ
အပင်လေးတွေအတွက်အဆင်ပြေတာ မို့လို့ ဝေမျှပေးတာပါနော်။
စိုက်ပျိုးခြံကြီးတွေအတွက်ကတော့ မစိုက်ဖူးလို့ တိတိကျကျမပြောပြနိုင်ပါဘူးနော်
အသုံးပြုလိုသူအတွက်ကတော့ အပင်အနည်းငယ်ကိုသာ စပြီး အသုံးပြုကြည့်ပြီး
အဆင်ပြေမှ စိုက်ခင်းတွေမှာထည့်သုံးပါနော်၊
အပင်စိုက်ပြီး ကျန်းမာပျော်ရွှင်ပါစေ*******

Комментарии

Информация по комментариям в разработке