"စုန်​မှာလားဆန်​မှာလား"တရား​တော်​(အရှင်​​ကောဝိဒ)

Описание к видео "စုန်​မှာလားဆန်​မှာလား"တရား​တော်​(အရှင်​​ကောဝိဒ)

မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား
_______________________

လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲ ဖြစ်တယ်။

အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစားရမယ်။ စိတ်ဓာတ်ကျတာ အဖြေလားလို့။ အဖြေမဟုတ်ပါဘူး။ စိတ်ဓာတ်ကျနေမဲ့အစား လုပ်သင့်တာကို လုပ်ဖို့က ပိုအရေးကြီးပါတယ်။

အဆိုးဆုံးနဲ့ကြုံတွေ့တဲ့အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ်ရပါမယ်။

မြတ်စွာဘုရား ဂီလာနသုတ္တန်မှာ ဟောထားတာကို နာယူမှတ်သားကြည့်ပါ။

မကျန်းမာတဲ့ ပုဂ္ဂိုလ် တွေဟာ "နှလုံးသွင်း တရားငါးမျိုး"ကို အထူး နှလုံးသွင်းသင့်တယ်လို့ ဆုံးမထားပါတယ်။

၁။ အသုဘာနုပဿီ
ကိုယ့်ကာယအပေါ်မှာ အသုဘလို့ ရှုမြင်လျက်နေရမယ်။ ငါခန္ဓာကိုယ်မှာ တင့်တယ်တာတစ်ခုမှ မရှိဘူး။ ခန္ဓာကိုယ်ဟာ အလွန်စက်ဆုပ်စရာ ကောင်းတယ်လို့ အဖန်ဖန်နှလုံးသွင်းမှု ရှိရမယ်။

၂။ အာဟာရေ ပဋိကူလသညာ
ကိုယ်စားတဲ့ အစားအစာနဲ့ ပတ်သက်လာတဲ့အခါ ဘယ်တော့မှ မက်မက်မောမော စိတ်ဓာတ်မျိုး မဖြစ်အောင် ဆင်ခြင်တုံတရားနဲ့ စားရမယ်။"ငါစားတဲ့အစာဟာ ပါးစပ်ထဲ မရောက်မီသာလျှင် တင်တောင့်တင့်တယ် ရှိသော်လည်း ပါးစပ်ထဲ ထည့်လိုက်တဲ့ အချိန်က စပြီးတော့ တန်ဘိုးလျော့ကျသွားပြီလို့တွေးပါ။ ကြိုက်လို့စားတာ မဟုတ်ပဲ စားသင့်လို့ စားတာမျိုး ဆေးဝါးအဖြစ် မှီဝဲပြီး စားတာမျိုး ဆင်ခြင်ပြီး စားရမယ်။

၃။ အနဘိရတသညာ
လောကကြီး တစ်ခုလုံးမှာ ပျော်စရာဆိုတာ မရှိဘူးဆိုတဲ့ အတွေးကို တွေးတတ်ရမယ်။

၎။ အနိစ္စ သညာ
သင်္ခါရ တရား အားလုံးအပေါ်မှာ မမြဲဘူးဆိုတဲ့ အမှတ်သညာကို ထားရမယ်။

၅။ မရဏသညာ
ဘယ်သူဖြစ်ဖြစ် တစ်နေ့ကျရင် သေဆုံးခြင်းနဲ့ အဆုံးသတ်ကြရမယ် ဆိုတာကို ဘယ်တော့မှ မေ့မထားနဲ့လို့ ဆိုလိုတာပါ။ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ရလေအောင် "ဇီဝိန် ထင်လင်း သက်ရှင်ခြင်းကား သေခြင်းနောက်ဆုံး ရှိချေသည်တကား" ဆိုတာကို အမြဲဆင်ခြင်နေရပါမယ်။

ဒီနှလုံးသွင်းတရား ငါးမျိုး ဟာ မကျန်းမာတဲ့ သူတွေအတွက် အထူးလိုအပ်တဲ့ နှလုံးသွင်း တရား ကမ္မဋ္ဌာန်း ငါးခုပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရား က ဘယ်လောက်ထိ ဟောတုန်းဆိုရင် ဒီလိုသာ မှန်မှန်ကန်ကန် နှလုံးသွင်း ပြီး ဒီတရားငါးမျိုးပြည့်ပြည့်ဝဝကြီး ရှိမယ်ဆိုရင် မသေခင်မှာ ရဟန္တာ အထိ ဖြစ်သွားနိုင်ပါတယ်လို့ ဟောပါတယ်။

အရှင်နန္ဒမာလာဘိဝံသ၏ မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရားတော်မှ
MMW — with Kyaw Lin.

Комментарии

Информация по комментариям в разработке