ABSDF နဲ့ နွေဦးတော်လှန်ရေး - BBC News မြန်မာ

Описание к видео ABSDF နဲ့ နွေဦးတော်လှန်ရေး - BBC News မြန်မာ

“လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တော်လှန်ရေးက ပေါင်းစပ်သွားတဲ့ အမြင့်ဆုံး အခြေအနေကို ရောက်နေတယ်လို့ ကျွန်တော် ထင်တယ်”


ရဲဘော် သံခဲ ၊ ဥက္ကဋ္ဌ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)

မြန်မာနိုင်ငံမှာ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၃၅ နှစ် ရှိလာပါပြီ။ ၈လေးလုံး အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာခဲ့တဲ့ ကျောင်းသားတပ်မတော် (ABSDF) ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုအပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ် ရှားမှုတွေမှာ ဆက်လက် ပါဝင်ခဲ့ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။
ABSDF ကျောင်းသား တပ်မတော်ရဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ လက်နက်ကိုင် တော်လှန်ရေးကနေ အပစ်ရပ်စာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပေမဲ့ အခု တစ်ကျော့ပြန်အာဏာသိမ်းမှုအောက်မှာ ABSDF က တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေမှုတွေ၊ တော်လှန် ရေး လက်နက်ကိုင်အဖွဲ့တွေ အတွက် သတိပြုစရာနဲ့ စိန်ခေါ်မှုတွေနဲ့ မြန်မာ နိုင်ငံမှာ လက်နက်ကိုင် ‌တော်လှန်ရေးနဲ့ စစ်အာဏာရှင် ပြုတ်ကျပြီး ပြုပြင် ပြောင်းလဲနိုင်မလား စတာတွေနဲ့ပတ်သက်လို့ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီမြန်မာပိုင်း

Комментарии

Информация по комментариям в разработке