ပျားရည်နေ့စဉ်စားသုံးရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေထူးခြားလာမလဲ?

Описание к видео ပျားရည်နေ့စဉ်စားသုံးရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေထူးခြားလာမလဲ?

မိတ်ဆွေနေနဲ့ ပျားရည်နဲ့ ပတ်သက်တဲ့ ဘယ်လိုအချက်အလက်တွေကိုသိရှိပါသလဲ။ ပျားရည်ဟာ ချိုတယ်၊ ပျားအုံတွေကနေရရှိတယ်၊ ဝက်ဝံတွေကြိုက်တယ်အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ပျားရည်ဟာ နှစ်သန်းပေါင်းများစွာကတည်းက ရှိနေခဲ့တာတို့၊ လေလုံတဲ့ ထားသိုစရာနေရာတစ်ခုခုမှာထားရှိရင် နှစ်ပေါင်းများစွာ မပျက်စီးဘဲ တာရှည်ခံတာတို့၊ လူတစ်ယောက်အသက်ရှင်နိုင်ဖို့နှင့် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ တစ်ခုတည်းသော သဘာဝထုတ်ပစ္စည်းတစ်ခု ဖြစ်တာတို့ကိုတော့ မိတ်ဆွေသိချင်မှသိပါလိမ့်မယ်။
ဗိုက်တာမင်၊ အင်ဇိုင်းနှင့် သတ္ထုဓာတ်တို့ ပါဝင်တဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဘာဝထွက်ပစ္စည်းမျိုးကို ကျွန်မတို့ TRM က ရှာဖွေခဲ့တာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး နောက်ဆုံးတွေ့ရှိလိုက်ရတာကတော့ သဘာဝပျားရည်ပဲဖြစ်ပါတော့တယ်။ ကဲ ဒီနေ့မှာတော့ ကျန်းမာရေးကိုကောင်းမွန်စေတဲ့ ဓာတ်သတ္တိတွေ မြောက်များစွာနဲ့ ပြည့်နှက်နေတဲ့ ပျားရည်ရဲ့ အစွမ်းသတ္တိတွေကို လေ့လာသိရှိလိုက်ရပြီဖြစ်တဲ့အတွက် ဒီနေ့ကစလို့ နေ့စဉ် ပျားရည်တစ်ဇွန်းတစ်ဇွန်းကို ပုံမှန်သောက်သုံးသွားတော့မှာ ဖြစ်ကြောင်း မိတ်ဆွေတို့ကို အသိပေးပါရစေ။

Комментарии

Информация по комментариям в разработке