ကပစတပ်ရင်းတွေ လုံခြုံရေးမယူပဲ စျေးလိုက် ရောင်းနေလို့ တိုင်းစစ်ဌာနချုပ်က သတိပေး - DVB Digital First

Описание к видео ကပစတပ်ရင်းတွေ လုံခြုံရေးမယူပဲ စျေးလိုက် ရောင်းနေလို့ တိုင်းစစ်ဌာနချုပ်က သတိပေး - DVB Digital First

#dvbtvnews #digitalfirst

စက်လက်နက်ပစွည်းတွေ ထုတ်လုပ်တဲ့စက်ရုံတွေ အများဆုံးရှိတဲ့ ပြည်ခရိုင် ပန်တောင်းမြို့မှာ ကပစတပ်ရင်းတွေက လုံခြုံရေးမယူဘဲ စျေးလိုက်ရောင်းနေလို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကသတိပေး နေရပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှာရှိ တဲ့ ပန်းတောင်းမြို့နယ်က ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းနဲ့ကာကွယ် ရေးပစွည်းစက်ရုံ ၄ ရုံက အရာရှိတွေက နေ့တိုင်း လုံခြုံရေးမယူဘဲ ဆန်တွေ၊ဆီတွေ လိုက်ရောင်းနေတာကြောင့် သတိပေးတာလို့ ကပစနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။

"ကပစ ၃ က ဆန်တွေရောင်းလိုက် ကပစ ၆ က ဆီတွေရောင်းလိုက် ကပစ ၉ က ကြက်သားနဲ့ ကြက်ဥလာရောင်းလိုက်နဲ့ လုံခြုံရေးမလုပ်ဘဲ စျေးလိုက်ရောင်းနေလို့ မြို့နယ်ကတိုင်တာဖြစ် မယ် ၂၆ ရက်နေ့က တိုင်းရုံးမှာ ရှင်းနေရတယ် "လို့ ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ရှစ်မြို့နယ်အတွင်းမှာ ပြည်သူကာကွယ်ရေးတပ် PDF များက စစ်ရေး ဖော်ဆောင်မှု့တွေရှိနေတဲ့အတွက် နယ်မြေခံ တပ်ရင်းနဲ့ကပစတပ်တွေ တပ်တွင်းမှာပုန်းမနေဘဲ တပ်ပြင်ထွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ သတိပေးတာလည်းဖြစ်တယ်လို့ တပ်တွင်းသတင်း အရင်းအမြစ်က ပြောပါတယ်။

"ပစ်ခတ်မှု့ဖြစ်လို့ သေလိုက်ရင် စစ်တပ်ကလူ တွေချည်းပဲ စစ်တပ်ကလူတွေတောင် အသတ်ခံ နေရတော့ သတင်းပေးမယ့်မရှိဘူး တပ်ထဲကလူ တွေကလည်း တပ်အပြင်မထွက်ဘူး ကပစ က လူတွေစျေးပဲ ရောင်းနေ လို့ သတိပေးတာဖြစ်မ ယ် "လို့ ပြောပါတယ်။

စစ်လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေအများဆုံး ရှိတဲ့ ပြည်ခရိုင် ပန်တောင်းမြို့နယ်မှာ ကာကွယ် ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်း နဲ့ ကပစ ၃ ၊ကစပ ၅ ၊ကပစ ၆ ၊ကပစ ၉ စက်ရုံ ရှိပါတယ်။

#ကနေဦးသတင်း #myanmar

Download the DVB Mobile App:
Android - https://bit.ly/dvbmobile
IOS - https://bit.ly/dvbapple

Support DVB - https://burmese.dvb.no/membership
Subscribe -    / dvbtvnews  
Follow - https://t.me/dvbtvnews

Комментарии

Информация по комментариям в разработке