စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို လူထုက ဘယ်လိုတုံ့ပြန်မှာလဲ

Описание к видео စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို လူထုက ဘယ်လိုတုံ့ပြန်မှာလဲ

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို လူထုက ဘယ်လိုတုံ့ပြန်မှာလဲ
~~~
■ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်း အရေးကြီးစစ်တိုင်းတချို့နဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ရပြီးနောက်မှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။ အသက် ၃၅ နှစ်ကနေ ၆၀ နှစ်အထိ အမျိုးသားတွေအနေနဲ့ ပြည်သူ့စစ်သင်တန်းတက်ရောက်ပြီး ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့တွေမှာ ပါဝင်ရမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့က နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေတွေကို ထောက်ပို့ရေး၊ ဒဏ်ရာရလူနာတွေကို ကယ်ဆယ်ရေးတွေ ပါဝင်ပါတယ်။

ဒီအဖွဲ့ကို ဘာကြောင့် ဖွဲ့စည်းလိုက်တာလဲ၊ လူထုရဲ့တုံ့ပြန်မှုက ဘယ်လိုရှိနိုင်မလဲ... စတာတွေအပါအဝင် မြန်မာ့လက်ရှိအခြေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး၊ တရုတ်ရဲ့ မြန်မာအပေါ်သဘောထား စတာတွေကို ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးထားသူတွေကတော့ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်၊ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်နဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။
____________
#ပြည်သူ့လုံခြုံရေး #အကြမ်းဖက်နှိမ်နင်းရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Subscribe ▶ http://bit.ly/2ajgBxf

မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
ဖေ့စ်ဘွတ်ခ် ▶   / rfaburmese  
တွစ်တာ ▶   / rfaburmese  
အင်စတာဂရမ် ▶  / rfaburmese  
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial

(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)

Комментарии

Информация по комментариям в разработке