Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက လက်ရှိ တိုင်းပြည်ရဲ့ ဘဏ္ဍာကို စစ်အသုံးစရိတ်မှာ အကန့်သတ်မရှိလို အပ်ရင် လိုအပ်သလို နောက်ဆက်တွဲ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီး စစ်အသုံးစရိတ်ဟာ တိုင်းပြည် သုံးငွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးအထိရှိလာတဲ့အတွက် တစ်နိုင်ငံလုံး အခွန်အခတွေကို မဖြစ်မနေ တိုးမြှင့်ကောက်ခံဖို့ကိုပါ အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်ပြန်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းက မုံရွာနဲ့ ချေင်းဦးမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က PDF တွေကို အလင်းဝင်ကြပါဆိုပြီး ဆိုင်းဘုတ်တွေလိုက်ထောင်နေတဲ့အပြင် ၊ စာတွေပါ လိုက်ကမ်းနေပြန်တယ်လို့ ချောင်းဦးမြို့နယ်နေ ဆရာတော်က ရန်ကုန်ခေတ်သစ်ကို မိန့်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ တရားစီရင်ရေးချို့ယွင်းမှုတွေ ၊ အာဏာကိုင်ထားတဲ့ စစ်ကောင်စီက စီးပွားရေးနဲ့ ပိုင်ဆိုင်မှု ကဏ္ဍတွေမှာ ဝင်ရောက် စွက်ဖက်နေတာတွေကြောင့် မြန်မာ ကျောင်းသား၊ ကျောင်းသူ တွေအတွက် အမေရိကန်အစိုးရကနေ ပညာတော်သင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်းပေးထားမှုကို ထရမ့်အစိုးရသစ်လက်ထက်မှာ ဦးစားပေး ပြန်ရုပ်သိမ်းဖို့ အီလွန်မက် ဦးဆောင်တဲ့ အစိုးရလုပ်ငန်းစဉ်များ ပြန်လည်စိစစ်ရေးဌာနက သုံးသပ်ထုတ်ပြန်တင်ပြထားပါတယ်။

Комментарии

Информация по комментариям в разработке