သဲကန္တာရထဲက အစ္စရေးတို့ရဲ့ စိုက်ပျိုးမွေးမြူရေး နည်းပညာအဆန်းများ

Описание к видео သဲကန္တာရထဲက အစ္စရေးတို့ရဲ့ စိုက်ပျိုးမွေးမြူရေး နည်းပညာအဆန်းများ

အစ္စရေးနိုင်ငံဆိုတာကတော့ မြေထဲပင်လယ်ဒေသမှာတည်ရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ အမှန်စင်စစ်တော့ အစ္စရေးနိုင်ငံဟာ သဲကန္တာနဲ့ ပင်လယ်သာရှိပြီး လူတွေနေထိုင်အပ်တဲ့နေရာတစ်နေရာတော့ မဟုတ်ဘူးလို့ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိုက်ပျိုးမြေမဟုတ်တဲ့ သဲကန္တာရနဲ့ သောက်သုံးရေမဟုတ်တဲ့ ဆားငံပင်လယ်သာရှိလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ အစ္စရေးနိုင်ငံဟာ လူဦးရေသန်းပေါင်းများစွာနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ စိုက်ပျိုးမြေ ဧကပေါင်းများစွာကို လည်း ထွန်ယက်စိုက်ပျိုးလျက်ရှိနေပါပြီ။

ဟုတ်ပါတယ် အစ္စရေးနိုင်ငံဟာ သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ပြီး သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းပြီးစိုက်ပျိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သာမန်ရေချိုတွေထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်တဲ့ ဆားငံရေတွေနဲ့ ကန္တာရမြေပေါ်မှာ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့တာက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ သူတို့တွေဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး စိုက်ပျိုးခဲ့ကြသလဲဆိုတာကို Video လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ………….

အစ္စရေးနိုင်ငံက လယ်သမား၊ စိုက်ပျိုးရေးသမားတွေဟာ တစ်နှစ်သုံးသီး စိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီး၊ ထောပတ်သီး နဲ့ အခြားသစ်သီးဝလံများ ဥရောပ ဈေးကွက်ကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ တစ်ဧကကို အသီးအနှံ အနည်းဆုံးတန် (၆၀) လောက်ထွက်ရှိတယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံကလည်း အစ္စရေးသဲကန္တာရမြေရဲ့ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို သဘောကျပြီးလိုက်လုပ်ကြည့်ပေမယ့် မအောင်မြင်ခဲ့ဖူးလို့သိရပါတယ်။ ရှေးယခင်အချိန်အခါက အစာရေစာရှားပါးတဲ့ပြဿနာကို အစ္စရေးတို့ဖြေရှင်းခဲ့တဲ့ နည်းလမ်းများ တွေထဲက ထင်ရှားကျော်ကြားတဲ့ နည်းလမ်းတွေထဲက

(၁) Drip irrigation

စိုက်ပျိုးရေးလုပ်ငန်းများမှာ ရေဆုံးရှုံးမှုလျော့နည်းလာစေဖို့အတွက် လိုအပ်တဲ့ရေပမာဏကို စနစ်တကျတွက်ချက်ပြီး အစက်ချရေပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ အစ္စရေးနိုင်ငံကစတင်ပြီး ဆန်းသစ်တီထွင်ခဲ့တဲ့ ဒီနည်းလမ်းဟာသီးနှံတွေစိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းခဲ့တာကြောင့် ဒီနည်းလမ်းဟာလည်း ကမ္ဘာအနှံ့ကို လျင်မြန်စွာပြန့်နှံသွားခဲ့ပါတယ်။ အစ္စရေးတို့ကို အတုယူပြီးလိုက်လံစိုက်ပျိုးခဲ့တဲ့နိုင်ငံတွေထဲမှာ အာဖရိကနိုင်ငံတွေက များစွာအကျိုးဖြစ်ထွန်းခဲ့တယ်လို့သိရပါတယ်။

#ShweKhitOnlineTV #Agriculture

Комментарии

Информация по комментариям в разработке