တရုတ်က နှစ်ဖက်စလုံးကို ဖိအားပေးဖို့ ကြိုးစားမှာ (ရုပ်/သံ)

Описание к видео တရုတ်က နှစ်ဖက်စလုံးကို ဖိအားပေးဖို့ ကြိုးစားမှာ (ရုပ်/သံ)

တရုတ်က နှစ်ဖက်စလုံးကို ဖိအားပေးဖို့ ကြိုးစားမှာ (ရုပ်/သံ)

စောမေရီ၊ စက်တင်ဘာ ၄၊ ၂၀၂၄

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရုတ်က ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ရဲ့ စစ်ရေး သတင်းအရင်းအမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

တရုတ်နိုင်ငံဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် အရင်ကတည်းက ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ ဖိအားပေးမှုတွေဟာ မြင်သာထင်သာ ရှိလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့နယ် ၇၆ မြို့နယ်ကို စစ်ကောင်စီ လက်လွှတ်ထားရပြီး အဲ့ဒီဒေသတွေ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်မှု လက်အောက်မှာ ရှိနေပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေကိုပါ တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်တဲ့ အနေအထားမှာ တရုတ်ရဲ့ ဝင်ရောက် စွတ်ဖက်မှုတွေဟာ ပိုမို ရှုပ်ထွေးတဲ့ မြန်မာ့ နိုင်ငံရေး အလှည့်အပြောင်းကိုသာ ဦးတည်နေတယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #UWSA #KIA #TNLA #FPNCC
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке