အပူပိုင်းမုန်တိုင်း Soulik နှင့်စပ်လျဉ်း၍ နောက်ဆုံးထုတ်ပြန်ချက်

Описание к видео အပူပိုင်းမုန်တိုင်း Soulik နှင့်စပ်လျဉ်း၍ နောက်ဆုံးထုတ်ပြန်ချက်

အပူပိုင်းမုန်တိုင်း Soulik နှင့်စပ်လျဉ်း၍ နောက်ဆုံးထုတ်ပြန်ချက်
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

အပူပိုင်းမုန်တိုင်း SOULIK အခြေအနေ

နိုင်ငံတကာမိုးလေဝသဌာနများ၏ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့ ညနေ(၅း၀၀)နာရီအချိန် ခန့်မှန်းချက်များအရ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်သို့ ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန်တိုင်းငယ် Soulik သည် ကုန်းတွင်းပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ပျက်ပြယ်သွားပြီးဖြစ်ပါသည်။
သို့ရာတွင် အဆိုပါ ကုန်းတွင်းပိုင်းမုန်တိုင်း၏သက်ရောက်မှုကြောင့် မုတ်သုန်လေဖိအားနည်းမြှောင်တန်း အားကောင်းလာစေပြီး မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ပါသည်။
စက်တင်ဘာလ(၂၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှနေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာအနှံအပြားမိုးရွာသွန်းနိုင်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်းနှင့်တောင်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်
သို့ဖြစ်မုတ်သုန်လေဖိအားနည်းမြှောင်တန်း အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံနေရာဒေသ အတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် တောင်ကုန်းတောင်တန်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် ဒေသခံပြည်သူများအနေဖြင့် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံနိုင်မှုအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် အသိပေးတင်ပြ အပ်ပါသည်။

#PVTV
#WeatherForecast

Комментарии

Информация по комментариям в разработке