အမေရိကန်တို့ အာဖနစ္စတန်ကို ကျူးကျော်ခြင်း (အပြည့်အစုံ)

Описание к видео အမေရိကန်တို့ အာဖနစ္စတန်ကို ကျူးကျော်ခြင်း (အပြည့်အစုံ)

အချိန် 2002 ခုနှစ် မတ်လဖြစ်ပါတယ်။ အာဖဂန် တောင်ပိုင်းက တာကာဂါး တောင်ကြောဒေသမှာရှိတဲ့ တောင်ကြောတစ်လျှောက်မှာ နေဗီဆီးအဖွဲ့တွေဟာ ဒူးလောက်အထိနက်တဲ့ နှင်းတောထဲကိုရောက်နေကြပါတယ်။

အဲဒီမှာတော့ သူတို့ဟာ တာလီဘန် နဲ့ အယ်ကေဒါ ပူးပေါင်းအဖွဲ့နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေခဲ့ပါပြီ။

သူတို့ကို ရိုင်ဖယ်တွေ စက်သေနတ်တွေနဲ့ တစ်ဖက်ကနေ ပစ်အားကောင်းကောင်းနဲ့ တောက်လျှောက်ပစ်နေတာမို့လို့ အဖွဲ့ဝင်တော်တော်များဟာ ခေါင်းတောင်ဖော်လို့မရကြဘူးဗျ။

အဲဒီအချိန်မှာ မာစတာ ဆာဂျင် ဂျွန်ချက်မန်ဆိုတဲ့ တစ်ယောက်ဟာ ရလာတဲ့ အခွင့်အရေးကို အရယူပြီး ရှေ့ကို အမြန်ပြေးတက်လိုက်ပါတယ်။

အဲဒီနောက် သူ့တပ်ဖွဲ့တွေကို ပစ်နေတဲ့ဆီက ပစ်အားကို သူ့စီကိုရောက်အောင်လို့ ဟန်ပြလိုက်တယ်ဗျ။

သူဟာ ရန်သူ ဘန်ဂါဆီကို အမြန်ဆုံးပြေးကပ်ပြီး အနီးကပ် ဖောက်ခွဲတိုက်ခိုက်လိုက်ပါတယ်။

သူရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဘန်ဂါတချို့ ပျက်စီးသွားတဲ့ နောက်ပိုင်းမှာတော့ နေဗီဆီးအဖွဲ့ခေါင်းဆောင်ဟာ သူ့ကိုကူဖို့အတွက် လိုက်ပါလာခဲ့ပါတယ်။

Комментарии

Информация по комментариям в разработке