သင့်ဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်စေနိုင်မည့် အလေ့အကျင့်များ

Описание к видео သင့်ဘဝမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်စေနိုင်မည့် အလေ့အကျင့်များ

အသက် ၁၈နှစ်နဲ့ ၂၄နှစ်ကြားကာလတွေဟာ ခင်ဗျားအနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်သလို ဖျက်ဆီးပစ်နိုင်တဲ့ အချိန်တွေဖြစ်ပါတယ်
ဒီကာလတွေအတွင်းမှာ ခင်ဗျားလုပ်တဲ့အလုပ်တွေက ခင်ဗျား အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်ဆိုရင်လည်း မမှားဘူး

စီးပွါးရေးလုပ်ငန်းတခု အခြေခိုင်ဖို့ဆိုရင် အနည်းဆုံး အချိန်၅နှစ်ယူရပါတယ်
ဥပမာ.. ခင်ဗျားအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတခုကို အသက်၂၀မှာ စတင်လုပ်ကိုင်မယ်ဆိုရင်
ခင်ဗျားအသက် ၂၅လောက်မှာမှ အဲ့လုပ်ငန်းက အခြေခိုင်မာမှုရှိမှာ ဖြစ်ပါတယ်

ငယ်ရွယ်စဉ်မှာ လူငယ်တွေအနေနဲ့ ဘာဘဲလုပ်လုပ် သိပ်မစဉ်းစားဘူး
လုပ်ရဲကိုင်ရဲတယ်၊ စွန့်စားရဲတယ်၊ ကြောက်တဲ့စိတ်မရှိဘူး

ဒီလိုစွမ်းအားတွေကို ကိုယ့်အနာဂတ်တည်ဆောက်တဲ့နေရာမှာ အသုံးချရမယ်
ကိုယ့်လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အသုံးချရမယ်

ဒီတော့ မေးစရာတခုရှိတယ်
လူငယ်တယောက်မှာ ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ရတဲ့ ပိုက်ဆံရှိမှာလဲ?
မိဘက မချမ်းသာတဲ့သူတွေကျ ဘယ်လိုလုပ် ကိုယ်ပိုင်စီးပွါးရေးလုပ်မှာလဲ?


ဥပမာ လူငယ်တယောက်အနေနဲ့ အိမ်ခြံမြေကုမ္ပဏီတခု လုပ်ချင်တယ်ဆိုပါစို့
သူ့မှာ ကုမ္ပဏီထောင်ဖို့ ငွေအရင်းအနှီးမရှိဘူး
ဒါပေမယ့် ဘာတွေလုပ်လို့ရလဲ?
အိမ်ခြံမြေနဲ့ ပတ်သတ်တာတွေ လေ့လာလို့ရတယ်
အရောင်းအဝယ်စာချုပ် ဘယ်လိုချုပ်သလဲ?
အိမ်ခြံမြေ ဥပဒေတွေအကြောင်းတွေ ဒါတွေကို လေ့လာလို့ရတယ်
ဒါတင်မကသေးဘူး၊ အိမ်ခြံမြေလောကထဲမှာ ကျင်လည်နေတဲ့သူတွေဆီကနေ သင်ယူလေ့လာရမယ်
သူတို့ဆီမှာ တပည့်ခံပြီး ဗဟုသုတတွေ အတွေ့အကြုံတွေကို ရယူရမယ်

လူငယ်ဘဝမှာ အရေးကြီးဆုံးက မိတ်ဆွေအရင်းအနှီးဘဲ။
ငွေကြေးအရင်းအနှီးထက်ကို ပိုတန်ဖိုးရှိတယ်လို့ကို ဆိုချင်ပါတယ်
ခင်ဗျားမှာ ကားအရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ မိတ်ဆွေတွေရှိရင် သူတို့အဆက်အသွယ် အကူအညီကနေတဆင့်ခင်ဗျားလည်း ကားအရောင်းအဝယ်နယ်ပယ်ထဲ ဝင်လို့ရတယ်

ကိုယ့်အပေါင်းအသင်းတွေက ကိုယ့်အတွက် တန်ဖိုးတခုယူဆောင်လာပေးနိုင်လေလေ အောင်မြင်ဖို့ ချမ်းသာဖို့အခွင့်အလမ်းများလာလေဘဲ


ဒီနေ့မှာ ခင်ဗျားကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်စေမယ့် ချမ်းသာစေမယ့် အလေ့အကျင့်တွေ တန်ဖိုးကြီး အကြောင်းအရာတွေကို အသေးစိတ်ပြောပြပေးသွားမှာပါ

ကဲ.. ကြည့်ကြရအောင်


#အ_လီ_ဘာ_ဘာ

Комментарии

Информация по комментариям в разработке