TLT Tv||- သံလွင်ကဗျာ စီးဆင်းရာ ကဏ္ဍ ( ကဗျာဆောင်းပါး)

Описание к видео TLT Tv||- သံလွင်ကဗျာ စီးဆင်းရာ ကဏ္ဍ ( ကဗျာဆောင်းပါး)

ချစ်ခင်လေးစားအပ်တဲ့ သောတရှင်များ မဂ်လာပါခင်ဗျာ

ကျနော်တို့တိုင်းပြည်ရဲ့အနေအထားအရ အားလုံးသိကြတဲ့အတိုင်း အာဏာရှင်စံနစ် အြမစ်ပါမကျန်အောင် တော်လှန်တိုက်ခိုက်နေကြရတဲ့အချိန်ဖြစ်တာကြောင့် အသက်စွန့်ကြရတဲ့လူတွေ နေ့တိုင်းကြားရပါတယ်။ တခါ စစ်အာဏာရှင်ဖက်ကလည်း စစ်အာဏာရှင်ရဲ့ဒေါက်တိုင်တွေ စစ်သားတွေ သူတို့လည်း သေကြရတာပါပဲ။ ဒီအဖြစ်အပျက်တွေဟာ ဘယ်လောက်ကြာမလဲ။ လူတွေ ဘယ်လောက်အသက်စွန့်ကြရအုန်းလဲ။ တကယ်တော့ လူတွေ သေကြေပျက်စီးရတာဟာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မငြင်းပယ်နိုင်ကြပါဘူး။ ရင်ဆိုင်ဖြတ်ကျော်ကြရမှာပါပဲ။ ကြေကွဲစရာပါ။


သောတရှင်များခင်ဗျား

လူဆိုတာ ကွယ်လွန်ခြင်းကို ငြင်းပယ်တားဆီးလို့မရတာအမှန်ပါပဲ။ ဒါက သဘာဝတရားပဲလေ။ ဒါပေမယ့် မ‌ေသခင်စပ်ကြား လူတွေအချင်းချင်းကြား သံယောဇဉ်တွေ ချစ်ခင်မှုတွေနဲ့ နေလာကြရတာဆိုတော့ လူတွေ သေကွံရှင်ခွဲ ခွဲကြရတဲ့အခါ ပူဆွေးကြရ ကြေကွဲကြရ။ အားလုံး ခံစားနာကျင်ကြရပြန်တာပေါ့လေ။ ကဲ ဟောဒီကဗျာကိုနားဆင်ကြည့်ပါ။ ကွယ်လွန်သူကဗျာဆရာ ရေးဖွဲ့ခဲ့တဲ့ကဗျာပါ။ ကဗျာရဲ့ခေါင်းစီးအမည်က နှစ်သစ်ကူးခေါင်းလောင်းသံ တဲ့။ နားဆင်ကြည့်ပါ။


သတင်းအပြည့်အစုံနှင့် ထူးခြားသတင်းများကို သံလွင်တိုင်းမ်ရဲ့ Facebook စာမျက်နှာနှင့် Youtube မှာလည်း ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါပြီ။

Комментарии

Информация по комментариям в разработке