မြိုင်နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအချင်းချင်း ခြေ‌ထောက်ပစ်ချိုးခဲ့၊ ၅ ဦးလက်နက်ချ ၁၂ ဦးခန့် သေဆုံး

Описание к видео မြိုင်နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအချင်းချင်း ခြေ‌ထောက်ပစ်ချိုးခဲ့၊ ၅ ဦးလက်နက်ချ ၁၂ ဦးခန့် သေဆုံး

မြိုင်နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအချင်းချင်း ခြေ‌ထောက်ပစ်ချိုးခဲ့ပြီး ၅ ဦးလက်နက်ချ ၁၂ ဦးခန့် သေဆုံး (ရုပ်/သံ)

မြိုင်၊ ဩဂုတ် ၂၂၊ ၂၀၂၄။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာက ဒေသခံတွေရဲ့ပစ္စည်းတွေကို သိမ်းယူဖို့လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ဝန်းကျင်ပါ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေကို ဩဂုတ် ၂၁ ရက် မနက် ၆ နာရီလောက်မှာစတိုက်ပြီး နေ့လယ် ၁ နာရီခွဲမှာ တိုက်ပွဲပြီးဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက်ချအညံ့ခံတဲ့ စစ်သား ၅ ဦးရှိပြီး ၂ ဦးကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းချင်တဲ့အတွက် သူတို့အချင်းချင်း သေနတ်နဲ့ ခြေထောက်တွေပစ်ချိုးထားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့စစ်သား သေဆုံးအလောင်း ၁၂ လောင်းတွေ့ရပြီး ရွာသစ်ဘုန်းကြီးကျောင်းအစပ်မှာ သေဆုံးတဲ့သူတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်က ထန်းငယ်တောရွာနေအိမ်တွေက ဆန်တွေကိုယူပြီးနောက် အိမ်တွေကို မီးရှို့ခဲ့သလို နောက်ရက်မှာလည်း ဆုံကုန်းရွာက သေနတ်ပစ်ဖောက်ကာ ဆန်၊ ဆီတွေ ယူဆောင်ကာ မီးရှို့ဖျက်ဆီးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ပြီးနောက် MA1 ၆ လက်၊ MA2 ၃ လက်၊ MA3 ၄ လက်၊ MA4 ၁ လက်၊ MA11 ၁ လက် ၊ G3 ၂ လက် ၊ 79MM ၁ လက် ၊ BA100( ၆၀ မမ) ၁ လက် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉ မမကျည် ၁၉၆ တောင့် ၊ ၆၀ မမဗုံးသီး ၁ လုံး ၊ ၈၁ မမ ဗုံးသီး ၅ လုံး ၊ ၄၀ မမဗုံးသီး ၁၂ လုံး ၊ အီနာဂါ ၃ လုံး ၊ RPG အဖူး ၃ ဖူး ၊ လက်ပစ်ဗုံး ၃ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇)တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့နယ် #ကိုင်းတောမရွာ #တိုက်ပွဲ

Комментарии

Информация по комментариям в разработке