သွားရခက်သည့်နေရာများမှ ရေဘေးသင့်ပြည်သူများကို အမြန်ဆုံးကယ်ထုတ်မည်ဟုဆို

Описание к видео သွားရခက်သည့်နေရာများမှ ရေဘေးသင့်ပြည်သူများကို အမြန်ဆုံးကယ်ထုတ်မည်ဟုဆို

14 Sep 2024 By Bywar Oo/MPA

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာ ၂၀ ဝန်းကျင် ရေနစ်မြုပ်နေပြီး ရေဘေးသင့်ဒေသခံများကို အမြန်ဆုံးကယ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဒေသရှိ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှသိရသည်။

ရေစီးသန်သောကြောင့် အချို့ကျေးရွာများကို သွားရောက်ရန် အခက်အခဲရှိနေခြင်းကြောင့် သွားရောက်ကယ်ထုတ်ရန် ကြန့်ကြာနေခြင်းအပေါ် သည်းခံပေးရန် ကယ်ဆယ်ရေးလုပ်သားကိုသက်မျိုးဦးကဆိုသည်။

Комментарии

Информация по комментариям в разработке