ပန်းမြိုင်လယ် ယိုးဒယား ကိုထွန်းရွှေ ဆိုင်း စိန်စတင်း

Описание к видео ပန်းမြိုင်လယ် ယိုးဒယား ကိုထွန်းရွှေ ဆိုင်း စိန်စတင်း

ဂီတဝိသောဓနီ    • ယိုးဒယားသီချင်း   အမှတ် ၁။
   • ပန်းမြိုင်လယ်   ခေါ် ရာမဇာတ်ထွက်ယိုးဒယား
   • ပြင်စည်မင်းသား   ရေးစပ်သည်။
   • ကိုထွန်းရွှေ      • ဆိုင်း      • စိန်စတင်း  

(ပန်းမြိုင်လယ်၊ သာနယ်ဘွေ၊ မျှော်လေတိုင်း၊ ပြာခြေဆိုင်း၊ ဝေမှိုင်းမှ ရောင်ခြယ်၊ ကိုဘယ်ဝယ်၊ တောင်စွယ်မှော်ရုံကြော၊ လွန်သာမောဘွယ့်၊ တောစုံ ယံမှာ၊ ရွှေလျှံဝင်းမှည့်၊ ထုံမှန်ကြွေ၊ ရီဝေပြာပြာလွမ်းဘွယ်စေ။ လေပြေသော်ကာ ကေမာင်း၊ ထုံဆီလွှာဂန္ဓာသင်းဝှန်၊ ယဉ်ရေခင်းငယ် ဆင်းကြည်သွန်။ သီလ၁ တွေကွန့်၊ ညာမြေစွန့်၊ မြရောင်ဖြာဆင့်၊ ကန်သာလွန်)၂။ မျှော်ဆေးမှုဖန်ရွယ် ရေးခုကြံဘွယ်ညွှန်၊ ပင်တိုင်ညာနန်းစံ ဆွေးဟန်ငယ်သာ၊ ဖန်လာမြင်တော် ဣန္ဒာ၊ (သီတာမူရာ ပူဗျာလှယ်လို့ ခုဝယ်ကြံတော့ ဘယ်ရွှေကံ၊ ိုလေ ဆိုယောင် ငို ယောင်ကြီးငယ်နှင့်သာ၊ ညည်းမိဖန်ခါခါ၊ ကြာနန်းမယ် မှန်းရွယ်၊ ပန်းတယ် ပူဗျာဝှန်၊ ဖြေညွှန်ခွေယမ်းပျောင်း၊ သောင်းမြေပြန့်ရုံ၊ ဝေယန်သိင်္ဂါရွှေဘုံ)၂။ (တောင်ယံလယ်ကြော့၊ မြိုင်နယ်စုံ၊ ခိုင်ရွှေညှာ၊ မာလာမှုန်)၂၊ (ညှင်းလေ သွေးငယ်၊ သွင်းခြွေအေးတယ်၊ ဆင်းရွှေသွေးလှယ်၊ မွှေးကြိုင်ထုံ၊ သင်းပျံ့ကြူ၊ ခိုင်ပန်းရွှေမဉ္ဇူ၊ မူရာ၊ ကန္တာလှော်စံမှုန်၊ ဟေဝန်မြိုင်သီလာ၊ စီကာမြောင်ကွေ့၊ ရှင်ဘောင်လှယ်စေ့ခြယ်ရုံ၊ လွှမ်းဘို့ဖန်လာကြုံ)၂။ (ဘုံရွှေနန်းငယ်သည်ဝယ်၊ က္ခာ နယ်ဆွေးရန်၊ ကြံမှိုင်တွေးပြန်၊ ပူလှန်ပန်းဘွယ်သည်မယ်၊ ညှိုးတယ်ဝဋ်ဖန်၊ ဆို ယောင်မှားကံ။ ဝေးသူ ရပ်နယ်မြေ၊ စကြာစုံရွှေမြန်း၊ ရှိန်ပြာကိန္ဒာ ပြည်တိုင်းခန်း၊ ကြို့ညိုသစ်ဘုံစံကွန်းနန်း၊ ဖြန့်မြန်းညီနောင်လေ၊ စွန်တောင်ကိုင် ရွှေလေး၊ ရိပ်ဝင်ငယ်လေခို ကြောင်းရေး၊ ပျော်ယောင်သာ စက်မှေး၊ တွေးဘွယ်ကိုပင်၊ သူကျိတ်မြော်ရှုဆင်ခြင်)၂။ (ညီနောင်မူရာ သူသာမြင်၊ သည်တွင်ရွှေတွင် လွန် လှိုက်လှဲ)၂၊ ပူလောင်ကြည်ကွဲ (ငိုယောင်ဆည်လဲသည်သပြေဘဲအောင်သာ၊ သွယ်ကာငွေနှင်း၊ မျက်ရည်ဖြာဆင်း၊ ရင်တွင်းဝယ်သာ၊ ရာမင်းငယ်မှာ၊ စက်ခါ ပျော်ဘဲနိုး)၂။ မျှော်တော်မြင်သော် ညွှန်လက်ညှိုး၊ ဝပ်လျှိုး၊ မျောက်မှုန်၊ ကြောက်ဝှန် ကြက်သီးမိုး။ (စုံဆယ်ဖြာ၊ ပန်ထွာဦးတင်၊ ဖူးမြင် သက်လွှတ် ကြောင်း၊ *ထံတော်ပျောင်း၊ သောင်းမြေပိုင်၊ ရာမင်းဦးကိုင်၊ ဘုန်းညွှန့်လှိုင်၊ ပြည်ကိန္ဒာ၊ နန်းမြိုင်ဆီမှာ၊ ဗါလီသူမင်းမူ၊ ပူဗျာဘယ်မငြိမ်း၊ သိမ်းယူငယ်သာ၊ ဖေါ်ကွာမယ် သုတ္တာ)၂။ (သည်မှာတောင်သာ ခိုမှီရား သေလာမြိုင်ချာ ကြိုညိုနန်း) ၂၊ (နေနယ်ရွှေဘုန်းလက်ရုံး ပြိုင်နှုန်းတေဇာ၊ စကြာ တော်ရင်းဆက်လှာ ခွန်သွင်း၊ သက်နှင်းပန်ထွာ၊ ကြောင်းလျာငယ်၊ ကုန်စင် ရှိဦးထား)၂။ (ရွှေနား၊ ဆင်ပါတင်ကာပန်လျှောက်ကြား) ၂။ညာနန်းနတ်ကယ် သွင်၊ လေယာဉ်ပျံ၊ တိမ်ယံတောင်စွယ်၊ မိုးလယ်ဝေယန်ဖျား၊ မြသားစုံမြိုင်ညို၊ သီယိုရှင်၊ တင်ယူဆောင်လှာ၊ မျှော်ကာမြင်မိငြား။ ကဆိုငိုသားငယ်၊ ခုပင် ကြားမြင်ခါ ဖန်ဖန်၊ ဩော်က ရွှေဖူးစာငယ်နှယ်၊ ကြုံတယ်ဘယ်ရှေးဝဋ်တုံ့လှယ်၊ ခုသည်ဝယ်၊ ဆည်ဘွယ်ကြံရွယ်။ ပူနယ်ပိုအင်၊ သက်ခင်ကြွေလုသဲ။ မြင်တော် လာဘဲ ငယ်နှင့်သာ၊ ကွဲကြေပူဗျာပုံ၊ မှော်ရုံဂူနန်း စံတော်ရာ၊ မျှော်ကာ မြင်သေး ဆိုယောင်သားငယ်ဘယ်မှာ၊ ဆည်နိုင်အောင်ကို၊ လွမ်းဝှန်ထပ်ပို၊ ဆေးညွှတ်ပြို၊ (မြရေညိုပင်လယ်သီဟိုဠ်၊ လေနန်းဝေယန်၊ ဗိမာန်တောင်စွယ်ခို၊ အာကာဘုံလယ် ဝေမို၊ ငွေနှင်းသွယ်ဟို ကြည်ကွဲရန်ကကို)၂။ (ဘုန်း၊ မြင်တော်မူလှဲ့အုံး၊ ကြော့ ယဉ်ဆုံးငယ် ရွှေကရှင်၊ သော်တာလနန်းငွေ့တိမ်စင်၊ ကြေးမုံပြင်၊ သွင်မြသား)၂။ (တယောင် ဘုန်းမောင်ရွှေကိုသား၊ ဟေဝန်ဖျား၊ မြိုင်သီလာ၊ တောင်ယံတော စွယ်၊ သာမောဘွယ်စေ၊ ယဉ်ရေသွယ်သွယ်ဖြာ၊ ကန်သာသီတာစီကာသန်း၊ ရွှေ ကိုယ်သည်ငယ် ပူနယ်၊ ပန်းအောင် မယ်မောင်ဗျာဝှန်ပိုမို၊ ဆိုင်ပိုင်ယောင်၊ သည်း
ခေါင်ကြွေလုပန်း)၂။ ။ ။ “ ထံတော်ပေါင်း " ဟူ၍ မူကွဲရှိသည်။

#ရာမဇာတ်ထွက် #ယိုးဒယား #ပန်းမြိုင်လယ် #ကိုထွန်းရွှေ #ဆိုင်း #စိန်စတင်း

Комментарии

Информация по комментариям в разработке