#မျက်လုံးညောင်းညာခြင်းကို

Описание к видео #မျက်လုံးညောင်းညာခြင်းကို

#Eye Strain .....#𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐄𝐲𝐞 𝐒𝐭𝐫𝐚𝐢𝐧 ....👀👀
#ကွန်ပျူတာဖုန်းအကြည့်များလို့မျက်စိညောင်းညာခြင်းတွေကိုသက်သာစေရန်
#မျက်လုံးယားတာ #အမြင်ဝါးတာ
#မျက်ရိုးကိုက်တာ သက်သာစေရန်

၁) မျက်စိ ဆရာဝန်နှင့် စမ်းသပ်ခြင်း၊ မျက်မှန်ပါဝါစမ်းခြင်းကို အနည်းဆုံး ၆လ တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။
၂) သင့်လျှော်သော အလင်းရောင်အောက်တွင် အလုပ်လုပ်ပါ။
၃) အလုပ်ခန်း ၊ ရုံးခန်း အတွင်းတွင် ကွန်ပြူတာနှင့် ဖုန်းမျက်နှာပြင်များတွင် ‘anti-glare screen’ ကပ်ခြင်း၊ နံရံများအား အရောင်မှိုင်းများသုတ်ပါ
မျက်မှန်သမား တစ်ဦးဖြစ်ပါက မျက်မှန်တွင် အလင်းအစူး၊ အလင်းမပြန်သော မှန်သားပါဝင်သည့် မျက်မှန်ကို ရွေးချယ်အသုံးပြုပါ
၄) သင်အသုံးပြုနေသည့်မော်နီတာကိုအလင်းပြန်မှုနည်းသော LED Monitor သုံးခြင်း၊မော်နီတာမျက်နှာပြင်၏ အရွယ်အစားမှာ အနည်းဆုံး ၁၉ လက်မသုံးခြင်းများပြုလုပ်ပါ
၅) ကွန်ပျူတာ မျက်နှာပြင်၏
🔹 Brightness : သင့် ကွန်ပျူတာ ဖန်သာပြင်၏ အလင်းကို ပတ်ဝန်းကျင် အလင်းရောင်နှင့် ထပ်တူနီးပါးဖြစ်မည့် အလင်းရောင်ကို ချိန်ထားခြင်း၊
🔹 Text size (စာလုံးအရွယ်အစား) : စာလုံးအရွယ်အစားသည်လဲ သင်သက်တောင့်သက်သာ ဖတ်၍ရနိုင်သည့် ခပ်ကြီးကြီးအရွယ်သို့ ချိန်ထားခြင်း၊
🔹 Colour Temperature : ကွန်ပျူတာ ဖန်သားပြင်၏ colour temperature ကို လျှော့ချထားခြင်းများပြုလုပ်ပါ
၆) မကြာခဏ မျက်တောင်ခတ်ပေးပါ။ ကွန်ပျူတာ / ဖုန်း မျက်နှာပြင်များသို့ မိနစ် ၂၀ ခန့် ကြည့်ပြီးတိုင်း ဖြည်းညင်းစွာ မျက်တောင်ခတ်ပါ
၇) မိနစ် ၂၀ ခန့်’ ကွန်ပျူတာ/ ဖုန်းကို အသုံးပြုပြီးပါက ‘ပေ ၂၀’ အကွာအဝေးရှိ အရာဝတ္ထု တစ်ခုခုအား စက္ကန့် ၂၀ ခန့် ကြည့်ပေးပါ
၈) ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်းများကို ကာကွယ်ရန်အတွက် တစ်နာရီခန့် ကွန်ပြူတာနှင့် အလုပ်စားပွဲတွင် အလုပ်လုပ်ပြီးလျှင် ၁၀ မိနစ်ခန့် မတ်တပ်ရပ်ခြင်း၊ အကြောလျှော့ခြင်းများ ပြုလုပ်၍ အနားယူပါ
၉) အလုပ်စားပွဲတွင် စာကြည့်မီးရှိလျှင် ထိုမီးအလင်းရောင်သည် သင်၏ မျက်လုံးသို့ မစူးနေသင့်ပါ။ ကွန်ပျူတာ မျက်နှာပြင်နှင့် သင့်မျက်လုံး၏ အကွာအဝေးသည် ၂၀ မှ ၂၄ လက်မခန့် ကွာဝေးသင့်ပါသည်။
၁၀) မျက်မှန်တပ်သူတစ်ဦးဖြစ်ပါက ကွန်ပျူတာ မျက်နှာပြင် (screen) မှ ထွက်သော အပြာရောင် အလင်းတန်းများကို ကာကွယ်ပေးသည့် Blue block lens မျက်မှန်အမျိုးအစားကို ရွေးချယ်အသုံးပြုပ
၁၁)ဖုန်း screen ကို reading modeထား၍ အသုံးပြုပါ
၁၂)ကွန်ပြူတာနဲ့ ဖုန်းကို အသုံးများတဲ့ သူတွေအတွက် နေ့စဉ် မျက်လုံးကြွက်သားသန်မာစေရန် လေ့ကျင့်ခန်းများပြုလုပ်ပေးပါ...👀👀👌👌

Комментарии

Информация по комментариям в разработке