မိရိုးဖလာဗုဒ္ဓဘာသာတွေကို ဂျင်းသိပ်ကြသူများ ( အပိုင်း - ၁ ) ✪ Recap by BTM ✪ ဘီတီအမ် ✪

Описание к видео မိရိုးဖလာဗုဒ္ဓဘာသာတွေကို ဂျင်းသိပ်ကြသူများ ( အပိုင်း - ၁ ) ✪ Recap by BTM ✪ ဘီတီအမ် ✪

သာဓုပါဗျာ...
ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ဉာဏ်အလင်းရဖို့ဖြစ်ပေမယ့် ယနေ့ခေါတ်ဗုဒ္ဓဘာသာဝင်အများစုအတွက်တော့ ဘာသာရေးဆိုတာ မှိုင်းလုံးကြီးလို အသိဉာဏ်ကိုမှုန်ဝါးစေတဲ့ အရာတခုပဲ ဖြစ်နေခဲ့ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ အဲဒီဘာသာရေးမှိုင်းလုံးကြီးထဲက စီးပွားရေးဈေးကွက်ကြီးကို မြင်တွေ့ကြရမှာပါ။
နှစ်ထောင်နဲ့ချီပြီး လည်ပတ်နေတဲ့ စီးပွားရေးဈေးကွက်တခုကို လူငယ်လေးသုံးယောက်တို့ ရှာတွေ့သွားခဲ့ရာကစလို့ ဒီဇာတ်လမ်းလေး စတင်ဖြစ်တည်လာခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကြည်ညိုသဒ္ဓါတရားတွေကို ငွေသားအဖြစ်ပြောင်းလဲထုတ်ယူနိုင်ဖို့ ဘာသာရေးဆိုတဲ့အရာကို ATM အဖြစ် အသုံးချတတ်ဖို့သာ လိုအပ်တာပါ။
မိတ်ဆွေ...သင့်အနေနဲ့ အကြွေးသန်းငါးဆယ်ကိုဆပ်ဖို့အတွက် သင့်သာသနာတော်ကြီးကို ရောင်းစားနိုင်ပါသလား?
ဒီဇာတ်လမ်းထဲမှာတော့ ဘာသာရေးထုတ်ကုန်တွေကို ခေတ်သစ်နည်းစနစ်တွေနဲ့ပေါင်းစပ်ပြီး "သဒ္ဓါကြည့်လင် ပါရမီ့ရှင်" တွေကို ရောင်းစားခဲ့ပုံကို မြင်ကြရမှာပါ။
ဒါပေမယ့် ... ဘာသာရေးအမြတ်ထုတ်ပြီး အလှူခံစားဖို့ဆိုတာ တကယ့်လက်တွေ့မှာ လွယ်ကူနိုင်ပါ့လား...
၂၁ ရာစုခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေကရော အယူသည်း အစွဲကြီးနေကြတုန်းလား...
ဘာသာရေးအဆောက်အဦးကြီးတွေရဲ့ အတွင်းပိုင်းမှာ တကယ်သန့်စင်နေပါရဲ့လား...
ခေါင်းတုံးတုံး သင်္ကန်းခြုံထားတိုင်း သံဃာတပါးဟုတ်ပါရဲ့လား... ဆိုတာတွေကို
ဒီကနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲတိတိမှာ "သာဓုပါဗျာ" ဆိုတဲ့ဇာတ်လမ်းလေးထဲမှာ ချစ်ပြိတ်သတ်ကြီးထံ ရင်ဘတ်ကြီးနဲ့ တင်ဆက်ထားပါကြောင်း...
ပုံ/ ဘီတီအမ့်ပြောရေးဆိုခွင့်ရှိသူ
ဇေယျာဖေ
တယ်လီဂရမ်မှာ ဆုံတွေ့နိုင်ဖို့ Channel လေးတခုလုပ်ထားပါတယ်။
Link - https://t.me/burmesetopmovie
ဒါကတော့ Burmese Top Movie ရဲ့ Official Facebook Page ဖြစ်ပါတယ်။
Link -   / burmesetopmovie  
ကြော်ငြာထည့်သွင်းလိုပါက [email protected] ကို ဆက်သွယ်နိုင်ပါတယ်။
လောင်းကစားကြော်ငြာများ လုံးဝလက်မခံပါ။

Комментарии

Информация по комментариям в разработке