Operational Amplifier ( 741 IC ) အကြောင်း

Описание к видео Operational Amplifier ( 741 IC ) အကြောင်း

Op-amp ( 741 အိုင်စီ )

Op-amplifier ဆိုသည်မှာ 555 အိုင်စီ နှင့် 741 အိုင်စီတို့ အတွင်းတွင်ထည့်သွင်းထားသော အလွန်အသုံးဝင်သည့် နှိုင်းယှဉ် ပစ္စည်းလေးများဖြစ်ကြပါတယ် ။ အခြေခံအားဖြင့် 741 အိုင်စီ ၏ အလုပ်လုပ်ပုံကို နားလည်မှသာလျှင် 555 အိုင်စီ၏ အလုပ်လုပ် ပုံကို နားလည်နိုင်မည်ဖြစ်ပါတယ် ။ ဦးစွာ 555 အတွင်းပိုင်းအလုပ်လုပ်ပုံစံကို မလေလာခင် 741 အိုင်စီအတွင်းမှာ အသုံးပြုတဲ့ Operational Amplifier အတိုချုံ Op-amp ကိုစတင်ချဉ်းကပ်လေ့လာကြည့်မယ်ဆိုပါက ။ တတြိဂံ ပုံစံ Op-amp ငယ်တခုကိုမြင် ရမှာဖြစ်ပေပြိး Pin - 7 ကို အပေါင်းဗို့အား ၊ Pin - 4 ကို အနုတ်ဖြင့်ချိတ်ဆက်ထားရမှာဖြစ်ပြီး ၊ Pin- 6 ကတော့ အထွတ်ပိုင်းဖြစ်ပြီး Led ငယ်တလုံးဖြင့် ဆက်သွယ်ပြီး Gnd ချထားပါတယ် ။ Pin - 3 ကိုတော့ Non-inverting In put ဟုခေါ်ဆိုပြီး + Terminal လို့ လည်းခေါ်ဆိုသလို Pin - 2 ကိုတော့ Inverting Input ဟုခေါ်ဆိုပြီး Minus Terminal လို့လည်းခေါ်ဆိုပါသေးသည် ။

အလုပ်လုပ်ပုံမှာလွန်စွာရိုးရှင်းပါတယ် ။ အနုတ် Terminal ကို ဗို့အားတရပ် အသေပေးထားပြီး ၊ အပေါင်း Terminal ကိုတော့ ဗို့အားပြောင်းလဲပေးခြင်းဖြင့် အထွတ်ပိုင်းကို High / Low ပြောင်းလဲစေမှာဖြစ်ပါတယ် ။ ဗီဒီယိုထဲမှာ အနုတ် Terminal ကို ၆ ဗို့ အသေပေးထားပြီး အပေါင်း Terminal ကိုဗို့ပြောင်းပေးမှာပါ ။

အလုပ်လုပ်ပုံမှာလွန်စွာရိုးရှင်းပါတယ် ။ အနုတ်ကို ပေးထားသော ဗို့အားနှင့် အပေါင်းဗို့အား တူညီပါက အထွတ်သည် High ဖြစ်နေ မှာဖြစ်ပြီး LED မီးလင်းနေမှာဖြစ်ပါတယ် ။ အနုတ်နှင့် အပေါင်း တူညီသည့် ဗို့အား သို့မဟုတ် အပေါင်းဗို့အား များနေပါက အထွတ် သည် High ဖြစ်ပြီး ၊ ပြောင်းလဲမှု့မှာ အနုတ်ဗို့အားထက် အပေါင်းဗို့အားက နည်းသွားသည်နှင့် တပြိုင်နက် အထွတ်ပိုင်းက ချက်ခြင်း Low ဖြစ်သွားမှာဖြစ်ပြီး LED မီးလည်း ပိတ်သွားပါလိမ့်မယ် ။ Op-Amp ကို အနုတ် Terminal ဘက်ကို ဗို့အားသေထားပြီး
နှိုင်းယှဉ်ခြင်းဖြစ်ပြီး ၊ နောက်တခါ ဗီဒီယိုတွင်တော့ အပေါင်း Terminal ကို အသေထားပြီး အနုတ် ဘက်ခြမ်းကို ပြောင်းလဲခြင်းကို လေ့လာနိုင်မှာဖြစ်ပါတယ် ။

ဘယ်မှာ အသုံးပြုသနည်း မိးဖြတ်စက်များ ( ဗို့လွန် ဗို့လျော့ ) တို့တွင် အဓိကထားသုံးပြီး အသံချဲ့ကိန်း အဖြစ်လည်း အသုံးပြုကြပါ သေးသည်။ 741 အိုင်စီ၏ ချဲ့ကိန်းမှာ အလွန်ကြီးပြီး အထွတ် ၁ သန်းခန့်အထိရှိတာကို မြင်တွေ့ရပါတယ် ။ 555 အိုင်စီဖြစ်ရန် ယင်းကဲ့သို့ တိတြိဂံပို Op-amp လေး နှစ်ခုကိုပေါင်းခြင်းဖြင့် လွန်စွာ အသုံးဝင်လှသော Window Comparator အဖြစ်ကို မြင် တွေ့ရတော့မှာဖြစ်ပါတယ် ။

ကျမ်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

Комментарии

Информация по комментариям в разработке