မိုးကုတ်မှာ တိုက်ပွဲ ပြင်းထန်နေ (ရုပ်/သံ)

Описание к видео မိုးကုတ်မှာ တိုက်ပွဲ ပြင်းထန်နေ (ရုပ်/သံ)

မိုးကုတ်မှာ တိုက်ပွဲ ပြင်းထန်နေ (ရုပ်/သံ)

ဘုန်းအောင်၊ ဇွန် ၂၉၊ ၂၀၂၄

ဇွန်လ ၂၅ ရက်ကစပြီး မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ၂ ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

မိုးကုတ်မြို့အနောက်ဘက်က ကျပ်ပြင်ရဲစခန်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာ စခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ ဖြူရောင်ကုန်းတို့ကို တော်လှန်ရေး အဖွဲ့တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဟာ မိုးကုတ်မြို့ကို လေကြောင်း ကနေကော လက်နက်ကြီးတွေနဲ့ပါ အဆက်အပြတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ဟာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ဆိုပြီး ၂ ပိုင်းရှိပြီး အကွာအဝေးမှာ ၇ မိုင်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့အနောက်ခြမ်းက နေရာအများစုက တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အရှေ့ဘက်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရှိနေပါသေးတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке