“မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ...

Описание к видео “မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ...

“မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ဝိုင်းပတ်ရေး ဆောင်ရွက်ကြပါလိမ့်မယ်”

ဦးသန်းစိုးနိုင် (စစ်ရေး -နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၈- ၈- ၂၀၂၄)

“တရုတ်ကပြောခဲ့တဲ့ စစ်ကောင်စီဥက္ကဌနေရာ ပြောင်းလဲရေး၊ စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ မဖြစ်နိုင်တော့တဲ့အတွက် စစ်ကောင်စီ ပြုတ်ကျရေးတိုက်ပွဲကို အရှိန်မြှင့်ဖို့ပဲရှိတယ်။ ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်ဖက်က တိုက်ပွဲတွေအပြင် မန္တလေးတိုင်းအတွင်းဖြစ်ပေါ်နေတဲ့ မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ဝိုင်းပတ်ရေး ဆောင်ရွက်ကြပါလိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်ကောင်စီဖက်က တခြားနည်းမရှာပဲ စစ်ဆက်တိုက်မယ်လို့ပြောလိုက်တာ၊ မန္တလေးတိုင်းအတွင်း PDF တွေရဲ့ လှုပ်ရှားမှု အရှိန်မြင့်လာနေတာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တရုတ်ဖက်က မင်းအောင်လှိုင်ကို ထောက်ခံသလိုလိုပြောသွားပေမယ့် သူ့အခြေအနေက ခိုင်မာမှုရှိရဲ့လား...

- စစ်ကောင်စီဖြုတ်ချရေးတိုက်ပွဲတွေက ဘယ်လောက်အထိ အရှိန်ကောင်းလာနေပြီလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(အင်တာနက်လိုင်း မကောင်းတဲ့အတွက် အသံမကြည်မလင်ဖြစ်နေတာကို တောင်းပန်အပ်ပါတယ်)

Комментарии

Информация по комментариям в разработке