မဟာမုနိရုပ်ရှင်တော် - မန္တလေးသိန်းဇော် | Maha Mu Ni Yote Shin Taw - Mandalay Thein Zaw

Описание к видео မဟာမုနိရုပ်ရှင်တော် - မန္တလေးသိန်းဇော် | Maha Mu Ni Yote Shin Taw - Mandalay Thein Zaw

#မဟာမုနိရုပ်ရှင်တော်
(ပူဇနိယမှတ်တမ်း)

မိမိ၏စိတ်ထဲ၌ မန္တလေးမဟာမြတ်မုနိဘုရားကြီးအား တေးဂီတဖြင့်
ပူဇော်လိုသော ဆန္ဒအာသီသ ထက်သန်စွာ ကိန်းအောင်းနေသည်မှာ
နှစ်ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါသည် ။ တစ်ချိန်ခါက မဟာမြတ်မုနိ
ဘုရားကြီးရွှေထီးတော်တင်ပွဲကြီးကျင်းပရာ ပါဝင်သီဆိုပူဇော်ခွင့်ရ
ခဲ့သော်ငြား ယခုဆိုလိုသည်မှာ အစဥ်သဖြင့် အာရုံရှိသလိုသီဆိုပူဇော်
နိုင်သော တေးသီချင်းမျိုးအား ရလိုတောင်းတမိခြင်း ဖြစ်၏ ။

၂၀၁၇ခုနှစ် မန္တလေးမြို့တွင်ကျင်းပသော ပြည်သူချစ်
တေးသံရှင်အမေမာမာအေး၏ (၇၅) နှစ်မြောက် ဂီတဖြေဖျော်ပွဲ
စင်မြင့်ထက်မှပင် မိမိဆန္ဒကို မန္တလေးမြို့မိမြို့ဖများအားထုတ်ဖော်
ပြောဆို၍တင်ပြခဲ့ဖူးသည် ။ ထိုမတိုင်မီကလည်း ဆိုင်းဂီတပညာရှင်
အစ်ကိုမန္တလေးစိန်တင့်လွင်တို့နှင့်ဆုံတိုင်း ၊စာပေဂီတပညာရှင်တို့နှင့်
ကြုံတွေ့တိုင်း မိမိတောင်းဆိုပူဆာခဲ့ဖူးပါသည် ။ ယခုအခါ ထိုဆန္ဒ
ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်.။

၂၀၁၉အကုန်၂၀၂၀အစ ထူးမြတ်သောအချိန်ကာလတွင်
မန္တလေးမြို့ဂီတပညာရှင်ကြီးဖြစ်သည့်ဆရာဦးရွှန်းမြိုင်ရေးဖွဲ့
ပူဇော်သော ပူဇနိယတေးတစ်ပုဒ်ကို ဂေါပကအဖွဲ့ရဲ့ဖိတ်ကြားမှုအရ
မိမိသီဆိုပူဇော်ခွင့်ရပါသည် ။ မိမိ အဓိဌာန်ရှိသည့်နှင့်အညီ မိမိ
သီဆိုမှုအတွက်အနုပညာအဖိုးအခ မယူပါ ၊ မုနိရှင်မြတ်ဘုရားအား
အလုံးစုံသောအသံအလှူအားဖြင့် သီဆိုခဲ့ပါ၏ ။ ထို့ပြင်မိမိကိုယ်တိုင်
သုံးပါးကံမြောက် တွေးမြင်ကြည်ညို ရေးဖွဲ့သီဆို ပူဇော်လိုသော
ဆန္ဒအာသီသများ ထက်သန်စွာကျန်ရှိနေပါသောကြောင့်
ကိုယ်ပွားတော်မြတ် ကိုယ်စားတော်ဓာတ် မြတ်ဘုရားအား စိတ်မှ
အလီလီလက်အုပ်ချီမိုး၍ သီချင်းတပုဒ်ကြိုးစားဖန်တီးခဲ့ပါသည် ။

ထိုပူဇနိယတေး၏အမည်ကို (မဟာမုနိရုပ်ရှင်တော်)ဟု
အမည်ပေးထားပါသည် ။ မန္တလေးမြို့သူမြို့သားအများနှင့်တကွ
နိုင်ငံတစ်ဝန်း ၊ ကမ္ဘာတစ်ဝန်း ဗုဒ္ဓဘာသာဝင်တို့ ကြည်ညိုစွာ မှတ်စွဲ
ခေါ်ဝေါ် ဖူးမြော်သည့် မဟာမြတ်မုနိဘုရားကြီး၏ မူလဘွဲ့ရင်းမှာ
မဟာမုနိ ဟူ၍ဖြစ်ရာ ထိုမူလဘွဲ့တော်အားလည်း ဝေနေယျအပေါင်း
သိရှိနိုင်ကြစေရန်ဖြစ်ပါသည် ။

မိမိသီချင်း၏အချို့နေရာများတွင်
မဟာမြတ်မုနိ-ဟု အမွှန်းသဘောရေးဖွဲ့သီဆိုပူဇော်၍ အချို့နေရာ
များတွင်(မဟာမုနိ)-ဟု မူလဘွဲ့တော်ရင်းအား ထင်ရှားအောင်
ထုတ်ဖော်ဖွဲ့ဆို ပူဇော်ထားရှိပါသည် ။

ထိုသို့ ပြည့်စုံကောင်းမွန်၍ လူနတ်ဗြဟ္မာတို့အလိုကျ
ဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးခဲ့ကြသော ဘုရားကြီး
ဂေါပကအဖွဲ့ ၊ မြို့ခံစာပေပညာရှင်များ ၊ သဒ္ဓါစိတ်အပြည့်အဝဖြင့်
ဂီတဖန်တီးပေးသောဂီတမှူးစန္ဒရားဇေယျာမင်းနှင့်ပဏာမနရည်းသံကို
ကိုယ်တိုင်တီးမှုတ်ပေးခဲ့ကြသည့် ဘုရာကြီးတူရိယာအဖွဲ့ ၊မိမိရေးဖွဲ့
သည့်သီချင်းအား ဝိုင်းဝန်းနားဆင် အားပေးချီးမြောက်ခဲ့ကြသည့်
သဘင်ပညာရှင်ကြီးဦးရွှေနန်းတင်၊ ဦးစိန်တင့်လွင်၊ ဦးသန်းဝင်းကြွယ်
ဦးနန်းဝင်း(သံလွင်ကျောင်း) ၊ စန္ဒရားမောင်ငြိမ်းချမ်းတို့နှင့်
ရိုက်ကူးပူဇော်ရာတွင် မိမိနှင့်အတူတကွ ဝန္ဒနာမှုပြုခဲ့ကြသော
မိုးပြည့်ပြည့်မောင်၊ ခိုင်ဇာသွေး၊ သက်မှူးဟေသီ၊ မန္တလေးသားသူရအဖွဲ့
ဓာတ်ပုံပီတာ၊ ကိုအေး၊ ဇင်မင်းထွန်း၊ လင်းအောင်၊ တည်းဖြတ်-ကိုတင့်
အသံဖမ်းမန္တလေး(နေခြည်)တင်ဦး(မေ)စိုးမိုး/ဂူးဂူးတို့နှင့်မိတ်ကပ်စိုးစိုး
ကျော်ကျော်လင်း၊ ထူးထူးတို့အားကျေးဇူးအထူးတင်ရှိပါကြောင်း...

(ဘုရားဖူးလာ တရားထူးရှာ) မုနိဝန္ဒနာတေးသီချင်းကို အနုပညာ
စေတနာဖြင့်ရေးဖွဲ့ညွှန်ပြ၍ သီဆိုခွင့်ပြုပေးသော ဂီတပညာရှင်ကြီး
ဆရာဦးရွှန်းမြိုင်အားလည်း ကျေးဇူးဂါရဝမှတ်တမ်းပြုအပ်ပါသည် ။

အောင်၏အေး၏တေးစု -CD
မူပိုင်ထုတ်လုပ်- အဇဋာအနုပညာ
ဖြန့်ချိရေး -M united Entertainment

ဂီတနှင့်အဖြာဖြာပူဇနိယဒါယကာ #ဇော်သင်္ကန်းတိုက်မိသားစု

Комментарии

Информация по комментариям в разработке