ထမင်းအိုး ခလုပ်များကိုလေ့လာခြင်း

Описание к видео ထမင်းအိုး ခလုပ်များကိုလေ့လာခြင်း

ထမင်းအိုး ခလုပ်များကိုလေ့လာခြင်း

ထမင်းအိုးခလုပ်များတွင် Fuse သံလိုက်ခလုပ် နှင့် ခလုပ်အား တွန်းတင်ပေးရန် Contact ခလုပ်တစုံသာပါဝင်ပါတယ် အခြားထူးထူးခြားခြားလဲလှယ်ပေးရန် Jumper ကြိုးများ လဲ အနည်းငယ်ပါဝင်ပါသေးတယ် . ထူးခြားမှု့မှာသံလိုက်ခလုပ်ပင်ဖြစ်ပါတယ်။ ယင်းသံလိုက်ခလုပ်သည် အပူကြောင့်ရော သံလိုက်စွမ်းနှင့်ရော နှစ်ခုတွဲပြီး အလုပ်လုပ်ခြင်းကြောင့် Thermal Magnetic Switch ဟု နည်းပညာ အမည်အားဖြင့် ခေါ် ဆိုပါသည် ။

ထမင်းအိုးကို ဆန် ရေ ထည့်သွင်းပြိး အောက်ခံ Base ထဲထည့်သွင်းလိုက်ပါက စပရင်နှင့် သံလိုက်ခလုပ်မှာ အောက်သို့ဖိချခြင်းခံလိုက်ရမှာဖြစ်ပြီး မိမိတို့မှ ထမင်းချက်လို၍ ခလုပ်ကိုဖိလိုက်သည်နှင့် Contact မောင်းတံမှ အပေါ်သို့သံလိုက်ဆွဲငင်အားဖြင့် တက်ကပ်နေမှာပါ

ထမင်းချက်လာပြီး နောက်ဆုံးရေခမ်းသွားချိန်တွင် ရေမရှိတော့၍ ပူချိန်အလွန်အမင်း တက်လာခြင်းကိုကြောင့် ခလုပ်ပြုကျအောင်စီစဉ်ထားပါသည် ။ သံလိုက်၏ သဘာဝမှာပူနေသော မျက်နှာပြင်တွင် ကပ်နိုင်သည့် စွမ်းအားလွန်စွာနည်းသွားပါသည် ။ ထိုကြောင့် ခလုပ်ပြုတ်သွားပါသည် ။

ထိုအခါ Contact မောင်းတံမှ စပရိန်ဆွဲအားကြောင့် အောက်ပြုတ်ကျသွားပြီး အဆက်အသွယ် ပြတ်တောက်သွားခြင်း ကြောင့် ထမင်းချက်ခြင်း အစီအစဉ်ပြီးဆုံးပြီး Warm ဖြင့် ထမင်းကို နွေးထားစေမှာပါ

လျှပ်စစ်ကျောင်းသား
Vocational Institute

☎️အသေးစိတ် သိလိုပါက ( ရုံးချိန်အတွင်း 9 AM - 5 PM )
0️⃣9️⃣9️⃣5️⃣7️⃣5️⃣9️⃣4️⃣0️⃣2️⃣2️⃣

လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

Комментарии

Информация по комментариям в разработке