မြန်မာ စစ်ခေါင်းဆောင်အပေါ် စစ်ရာဇဝတ်မှု စွဲချက်တွေ ဖိလစ်ပိုင် တရားရေးဌာနထံ တင်သွင်း- BBC News မြန်မာ

Описание к видео မြန်မာ စစ်ခေါင်းဆောင်အပေါ် စစ်ရာဇဝတ်မှု စွဲချက်တွေ ဖိလစ်ပိုင် တရားရေးဌာနထံ တင်သွင်း- BBC News မြန်မာ

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် အပါအဝင် စစ်တပ်က တာဝန်ရှိသူတွေဟာ ချင်းပြည်နယ်ထဲမှာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ် ဆိုတဲ့ တိုင်တမ်းချက်တွေ အပေါ် ဖိလစ်ပိုင်နိုင်ငံ တရားရေးဌာနက ဆန်းစစ်သုံးသပ်သွားဖို့ ရှိတယ် ဆိုပြီး ဖိလစ်ပိုင် အစိုးရ ကက်ဘိနက် အဖွဲ့ဝင်၊ တရားရေးဌာန အကြီးအကဲ Jesus Crispin Remulla ဂျီးဆပ်စ် ခရစ္စပင် ရမူလာ က ပြောပါတယ်။

ဒါဟာ မြန်မာစစ်တပ် အပေါ် စစ်ရာဇဝတ်မှု စွဲဆိုချက်တွေကို ဆန်းစစ်ဖို့ရာ အာဆီယံ ဒေသတွင်းနိုင်ငံတစ်ခုရဲ့ တရားရေး အာဏာပိုင်တွေက ပထမဆုံး အကြိမ် လက်ခံလိုက်တဲ့ ထူးကဲတဲ့ ဖြစ်ရပ် ဆိုပြီး ဒီ အမှု ကိစ္စ အထမြောက်လာရေးမှာ ဝိုင်းဝန်း ကူညီ လုပ်ဆောင်နေပြီး၊ တိုင်တမ်းချက်တွေကို တင်သွင်းလိုက်ချိန် ကိုယ်တိုင် မနီလာမြို့မှာ ရှိနေခဲ့တဲ့ တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက်အဖွဲ့ - MAP ရဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်က ဘီဘီစီကို ပြောပါတယ်။

ဒီတော့ ... ဖိလစ်ပိုင်နိုင်ငံထဲမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction သုံးပြီး မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တခြား စစ်အရာရှိတွေ အပေါ် စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ ခုံရုံးဖွဲ့ ကြားနာ စစ်ဆေးမှုမျိုး တကယ်တမ်း ပေါ်ပေါက် လာဖို့ရာ လုံလောက်တဲ့ ဥပဒေကြောင်း ဆိုင်ရာ အခြေခံအချက်အလက်တွေ ရှိနေလား ဆိုတာ အပါအဝင်၊ ထန်တလန်မြို့နဲ့ ထန်တလန်မြို့ခံတွေရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ဒီတစ်ပတ် အစီအစဥ်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သုံးသပ်သွားဖို့ ရှိပါတယ်။

ထန်တလန်မြို့ ကြုံတွေ့ခဲ့ရတာတွေ အကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ပရိုဂရမ်မန်နေဂျာ ဆလိုင်း မန်ဟရဲလျန်ရဲ့ ပြောဆိုချက်တွေကို ကြားကြရဖို့ ရှိသလို၊ ဖိလစ်ပိုင် တရားရေးဌာနထံ တိုင်တမ်းလိုက်တဲ့ ချင်းလူမျိုးတို့ရဲ့ ရှေ့နေ ဂေးလ်ဘတ် အန်ဒရက်စ်ရဲ့ ဥပဒေကြောင်းဆိုင်ရာ ပြောဆိုချက်တွေ၊ MAP အဖွဲ့ရဲ့ ဒါရိုက်တာ ခရစ္စဂန်းနက်စ်ရဲ့ သုံးသပ်ချက်တွေကိုလည်း အခု ဒီတစ်ပတ် အစီအစဥ်ထဲ အသေးစိတ် ကြားကြရမှာ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке