ငပလီကမ်းခြေတလျောက် တိုက်ပွဲ ပြင်းထန်နေတယ်

Описание к видео ငပလီကမ်းခြေတလျောက် တိုက်ပွဲ ပြင်းထန်နေတယ်

ငပလီကမ်းခြေတလျောက် တိုက်ပွဲ ပြင်းထန်နေတယ် (ရုပ်/သံ)

မိုးသောက်၊ ဇွန် ၂၈၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ အာရက္ခတပ်တော် (AA) က အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဘက်ကတော့ မြို့တွေကျမသွားရေးအတွက် ကြည်း၊ ရေ၊ လေ အင်အားသုံး ခုခံနေပေမယ့် AA ဘက်ကတော့ ရခိုင်ပြည်နယ်ထဲကနေ စစ်ကောင်စီတပ်တွေကို အပြီးတိုင် တိုက်ခိုက်မောင်းထုတ်မယ်လို့ ဆိုပါတယ်။ လက်ရှိ ထိုးစစ်ဆင်နေတဲ့ မြို့နယ်တွေမှာလည်း စစ်ကောင်စီ စခန်း အများအပြားကို ထိန်းချုပ်ထားလိုက်ပြီလို့ ပြောပါတယ်။

AA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့ပြီး နှစ်ဝက်အတွင်းမှာတင် ရခိုင်ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

သိမ်းထားတဲ့မြို့နယ်တွေထဲမှာ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ ဘူးသီးတောင် အပါအဝင် ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကိုပါသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ AA ဟာ လက်ရှိအချိန်မှာလည်း ချင်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးတပ်တွေကို စစ်ရေးအရ ကူပေးနေတာတွေလည်း ရှိပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке