ထိုင်းက နေအိမ်နဲ့ တိုက်ခန်းတွေ မြန်မာနိုင်ငံသား ဝယ်ယူမှုမြင့်တက်

Описание к видео ထိုင်းက နေအိမ်နဲ့ တိုက်ခန်းတွေ မြန်မာနိုင်ငံသား ဝယ်ယူမှုမြင့်တက်

ထိုင်းက နေအိမ်နဲ့ တိုက်ခန်းတွေ မြန်မာနိုင်ငံသား ဝယ်ယူမှုမြင့်တက် (ရုပ်/သံ)

စောမေရီ၊ ဖေဖော်ရီ ၂၂၊ ၂၀၂၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချင်းမိုင်မြို့နဲ့ ဖူးခက်တို့က နေအိမ်နဲ့ တိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေ ရုတ်တရက်ဝယ်ယူမှုမြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အတွက် နေအိမ်နဲ့ တိုက်ခန်း ရောင်း/ဝယ်ရေး ဝန်ဆောင်မှုပေးနေသူတွေက ဧရာဝတီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအချင်းချင်းအကြား ဆက်သွယ်ဖို့ ဖွဲ့ထားတဲ့ ဂရုတွေထဲမှာ လတ်တလော အမေးအများဆုံး မေးခွန်းတွေထဲမှာလည်း ထိုင်းမှာ အိမ်နဲ့ တိုက်ခန်း ဝယ်ရင် ဘာတွေလိုအပ်လဲ၊ ဘယ်လိုလုပ်ငန်းတွေလုပ်လို့ရလဲ၊ ဘယ်လိုဗီဇာမျိုးနဲ့ နေလို့ရမလဲ၊ ကျောင်း ဘယ်လိုလျှောက်မလဲ စတဲ့ မေးခွန်းတွေက အများဆုံးတွေ့ရပါတယ်။

နိုင်ငံရေး မတည်ငြိမ်တဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထိုင်းနိုင်ငံဟာ နေထိုင်ဖို့ သင့်တော်ပြီး လုံခြုံတဲ့ ဒုတိယအိမ် ဖြစ်တာကြောင့် ထိုင်းနိုင်ငံအတွင်း ကွန်ဒို၊ အိမ်ခြံမြေဝယ်လိုအားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီထက်ပိုမြင့်တက် လာနိုင်တယ်လို့လည်း စီးပွားရေး သုတေသီတွေက မှတ်ချက်ပေးနေကြပါတယ်။

Комментарии

Информация по комментариям в разработке