၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့ မှတ်တမ်းထွက်လာ ...

Описание к видео ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့ မှတ်တမ်းထွက်လာ ...

၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့ မှတ်တမ်းထွက်လာ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၆-၆-၂၀၂၄)

ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်ရှိ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် မနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ TNLA ပြောခွင့်ရက BNN ကို ပြောပါတယ်။

TNLA နဲ့အတူ ပါဝင်တဲ့ မဟာမိတ် တပ်တွေ၊ သိမ်းမိစခန်းတွေ၊ စစ်ကောင်စီဘက်က အကျအဆုံးတွေကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

PDF မိုးကုတ် ဗျုဟာကတော့ ၁၀/၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုပြီး မိုးကုတ်ဗျူဟာက တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တပ်ရင်း ၄ ရင်း ဒီစစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။

PDF မန္တလေးလည်း ပါဝင်နေတယ်လို့ သိရပေမယ့် ကြေညာချက် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး မတ္တရာမြို့ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF တွေက သိမ်းပိုက်လိုက်ပြီ၊ နောင်ချိုမြု့ိကို TNLA က သိမ်းပိုက်ထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်

- ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ ရှင်မကန်ရွာရှိ ပျုစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ လက်နက် ၆ လက် သိမ်းမိ...

- မံစီနဲ့ မိုးမောက်ဘက်မှာ အရပ်ဝတ်နဲ့ ရိက္ခာထွက်သယ်တဲ့ စစ်သားတွေကို KIA နဲ့ မဟာမိတ်တွေက တိုက်ခိုက်...

- မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းရဲ့ ကာကင်း စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ ချင်းညီနောင် အဖွဲ့က သတင်းထုတ်ပြန်...

- မောင်တောမြိုနယ်၊ ဝေသာလီ ကျေးရွာရှိ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) အဖွဲ့ရဲ့ သိုလှောင်ရုံတွေနဲ့ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်/သံ မှတ်တမ်းတခုကို AA က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Комментарии

Информация по комментариям в разработке