ပန်းတောင်းမြို့က တိုက်ကြက် လေ့ကျင့်နည်း တစ်ခု

Описание к видео ပန်းတောင်းမြို့က တိုက်ကြက် လေ့ကျင့်နည်း တစ်ခု

ပန်းတောင်မြိုဆိုတာ ပဲခူးတိုင်း ပြည်မြိုရဲ့ တစ်ဖက်ကမ်းက မြိုငယ်လေး တစ်မြို ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးက ခြားထားပြီး နဝဒေးတံတားက ဒီမြိုနှစ်မြိုကို ဆက်သွယ်ပေးထားတာပါ။

ပန်းတောင်းမြိုနယ်က ကြက်ဝါသနာရှင် ညီအစ်ကိုတစ်ဦးရဲ့ တိုက်ကြက်မွေးပုံမွေးနည်းကတော့ ကြက်ပေါက်တစ်ကောင်ကို အရင်ဦးဆုံးခွပ်လက် မပုတ်ဘဲ ဘာစလုပ်သလဲဆိုတော့ အဲဒီကြက်ပေါက်ကို သဲသောင်ပြင်ထဲမှာ ပတ်လိုက်ပြီးတော့ လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီ ညီအစ်ကို နေတဲ့နေရာက မြစ်ဘေးဖြစ်ပြီး အမြဲလိုလို သောင်ထွန်းနေတော့ အဲသောင်ပြင်ပေါ်မှာ သူ့ကြက် သက်လုံကောင်းပြီး သူလိုချင်တဲ့ မိုင်ပွိင့်ရောက်အောင် လေ့ကျင့်ပေးတာပါ။

တခါလေ့ကျင့်ရင် ချွဲရတဲ့အထိ လေ့ကျင့်ပြီး ရေကိုင် ဘာကိုင်နဲ့ တစ်ပတ်လောက် ပြန်မွေးထားတယ်။ ပြီးရင်တော့ နောက်တစ်ခေါက် ပြန်မောင်းကြည့်တယ်၊ နောက်တစ်ခေါက် ပြန်မောင်းကြည့်လိုက်လို သူကြက်က အမောခံနိုင်လာလား အရင်တစ်ခါထက် ကြာကြာပိုမောင်းမှ ချွဲရတာလား ဆိုပြီး စံချိန်ကို စောင့်ကြည့်ပါတယ်။ အဲဒီလို လေ့ကျင့်ပေးလာပြီး စိတ်တိုင်းကျတယ် ဆိုရင် အဲကြမှ သေချာလေး ပြန်မွေးထားပြီးတော့ နှစ်ပတ်လောက် နေမှ အနုအနုချင်းကို သူက တစ်ခါတည်း တမ်းချတော့တာပါ။

ဒါကိုပဲ သူတိုဆီမှာ ကွင်းကြောင်းစနစ်လိုဆိုပါတယ်။ ကြက်လည်း လေ့ကျင့်ပြီးသား လူလည်း လေ့ကျင့်ခန်း လုပ်ပြီးသားလို ဆိုရမှာ ဖြစ်ပါတယ်။ တိုက်ကြက်မွေးမြူလေ့ကျင့်ပုံ အမျိုးမျိုးတွေ ရှိကြတဲ့အထဲမှာ ဒီနည်းကလည်း တစ်မျိုးဖြစ်တော့ ကြက်ဝါသနာရှင် ညီအစ်ကိုတွေ စဉ်းစားသုံးသပ်လို ရအောင် ကျွန်တော့်တို ရွှေမြန်မာတိုက်ကြက် Channel က တင်ဆက်ပေးလိုက်တာပါ၊ ကျေးဇူးတင်ပါတယ်။

#တိုက်ကြက်
#ရွှေမြန်မာတိုက်ကြက်
#ShweMyanmarFightingRooster

Комментарии

Информация по комментариям в разработке